ထို့ပြင် ရှောလမုန်မင်းကြီးက ထာဝရဘုရားကိုတိုင်တည်၍ “အဒေါနိယသည် အသက်ကိုရင်း၍ ဤသို့တောင်းဆိုခြင်းမဟုတ်လျှင် ဘုရားသခင်သည် အကျွန်ုပ်၌ ထိုမျှမက ပြုတော်မူပါစေသော။
သုတ္တံကျမ်း။ 20:2 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ့ကိုအမျက်ထွက်စေသောသူသည် မိမိအသက်ကိုဆုံးရှုံးရတတ်၏။ Common Language Bible ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား၏။ Garrad Bible ဘု ရင် မင်း ၌ ကြောက် မက် စေ သော အ ရာ သည်၊ ခြင်္သေ့ ဟောက် သံ နှင့် တူ သ ဖြင့်၊ အ မျက် တော် ငြိ သူ သည်၊ ကိုယ့် အ သက် ဆုံး ရှုံး ရာ ရောက် ၏။ Judson Bible ရှင်ဘုရင်ကြောက်စေသောအမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော်သောသူသည် မိမိအသက်ကို ပြစ်မှား၏။ |
ထို့ပြင် ရှောလမုန်မင်းကြီးက ထာဝရဘုရားကိုတိုင်တည်၍ “အဒေါနိယသည် အသက်ကိုရင်း၍ ဤသို့တောင်းဆိုခြင်းမဟုတ်လျှင် ဘုရားသခင်သည် အကျွန်ုပ်၌ ထိုမျှမက ပြုတော်မူပါစေသော။
အကျွန်ုပ်ကို ခိုင်ခံ့စေ၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်တွင် စံမြန်းစေတော်မူပြီး ကတိထားတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်အား နန်းမွေဆက်ခံစေတော်မူသောထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ယနေ့တွင် အဒေါနိယသေရမည်”ဟု ကျိန်ဆိုလေ၏။
ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
သူတို့သည် ထာဝရဘုရားနောက်တော်သို့ လိုက်ကြလိမ့်မည်။ ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ဟိန်းတော်မူမည်။ ဟိန်းတော်မူသောအခါ ကိုယ်တော်၏သားသမီးတို့သည် အနောက်အရပ်မှကြောက်ရွံ့တုန်လှုပ်လျက် ထွက်လာကြမည်။
ခြင်္သေ့ဟိန်းဟောက်သောအခါ မကြောက်သောသူ ရှိသလော။ ဘုရားရှင်ထာဝရဘုရားမိန့်ဆိုသောအခါ ပရောဖက်မပြုဘဲ နေဝံ့သူ ရှိသလော။
သင့်အိမ်သူအိမ်သားတို့ အရှက်ရစေရန် သင်ကြံစည်ပြီ။ လူများစွာကို ဖျက်ဆီးခြင်းဖြင့် သင့်ကိုယ်သင်ပြစ်မှားပြီ။
အသက်ဆုံးရှုံးသွားသော ထိုအပြစ်သားတို့၏မီးကျီးခံဗန်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်ပြီးဖြစ်၍ သန့်ရှင်းသောကြောင့် အပြားခတ်ပြီး ယဇ်ပလ္လင်ကိုအုပ်ထားရမည်။ ၎င်းသည် အစ္စရေးအမျိုးသားတို့အတွက် အမှတ်လက္ခဏာအဖြစ်ရှိရမည်”ဟု မိန့်တော်မူ၏။