၃ ရာ 2:24 - မြန်မာ့စံမီသမ္မာကျမ်း24 အကျွန်ုပ်ကို ခိုင်ခံ့စေ၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်တွင် စံမြန်းစေတော်မူပြီး ကတိထားတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်အား နန်းမွေဆက်ခံစေတော်မူသောထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ယနေ့တွင် အဒေါနိယသေရမည်”ဟု ကျိန်ဆိုလေ၏။ Ver CapítuloCommon Language Bible24 ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။ Ver CapítuloGarrad Bible24 က တိ တော် နှင့် အ ညီ ခ မည်း တော် ဒါ ဝိဒ် မင်း၏ ရာ ဇ ပ လ္လင် ပေါ် တွင် ငါ့ ကို ခိုင် ခံ့ စွာ တင်၍ နန်း ညွန့် နန်း နွယ် ကို ပေး သ နား တော် မူ သော ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း အ ဒေါ နိ ယ သည် ယ နေ့ သေ ဒဏ် ခံ ရ မည် ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို ပြီး နောက် Ver CapítuloJudson Bible24 ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော်ဒါဝိဒ်၏ရာဇပလ္လင်တော်ပေါ်မှာ တင်၍ ကတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပြီးမှ၊ Ver Capítulo |
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။