နဿလိသည် ချစ်ဖွယ်သောသမင်ပေါက်များကိုပေါက်ဖွားသည့် အချုပ်အနှောင်ကင်းသောသမင်မဖြစ်၏။
ရှောလမုန်သီချင်း။ 7:3 - မြန်မာ့စံမီသမ္မာကျမ်း သင့်ရင်သားနှစ်မြွှာသည် သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်နှင့်တူပါ၏။ Common Language Bible လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့၎င်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့၎င်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့၎င်း ဖြစ်ပါ၏။ Garrad Bible ရင် သား နှစ် ဘက် သည်၊ နှင်း တော တွင် ကျက် စား သော ဒ ရယ် ငယ် အ စုံ နှင့် တူ၏။ Judson Bible သင်၏ရင်သားနှစ်ဖက်တို့သည် ဒရယ်သငယ်အမွှာနှင့် တူကြပါ၏။ |
နဿလိသည် ချစ်ဖွယ်သောသမင်ပေါက်များကိုပေါက်ဖွားသည့် အချုပ်အနှောင်ကင်းသောသမင်မဖြစ်၏။
သူသည် ချစ်ဖွယ်ကောင်းသောသမင်မ၊ တင့်တယ်သောဒရယ်မကဲ့သို့ဖြစ်၏။ သူ၏သားမြတ်သည် သင့်ကိုအစဉ်အမြဲ ကျေနပ်အားရစေ၍ သူ၏အချစ်၌ သင်သည် အစဉ်မပြတ်ယစ်မူးပါစေ။
သင့်ရင်သားနှစ်မြွှာသည်လည်း နှင်းပန်းကြားတွင် ကျက်စားသော သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်တို့နှင့် တူပါ၏။
သင့်သွားများသည် ရေချိုးရာမှတက်လာသော သိုးအုပ်နှင့်တူပါ၏။ ထိုသိုးတို့သည် တစ်ကောင်မျှသားမလျှော၊ အမြွှာသာ ဖွားတတ်ပါ၏။
သင်၏ချက်သည် စပျစ်ဝိုင်အမြဲဖြည့်ထားသည့် လုံးဝန်းသောဖလားနှင့်တူပါ၏။ ဝမ်းဗိုက်သည် နှင်းပန်းရံထားသောဂျုံစပါးပုံနှင့်တူပါ၏။