La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယေ​ရ​မိ 5:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​က ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု ဆို​ကြ​လျက်ပင် မဟုတ်မမှန်​ကျိန်ဆို​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏​။

Ver Capítulo

Common Language Bible

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း​ဟု​ဆို​ကြ​သော်​လည်း သင်​တို့​သည်​မ​ဟုတ်​မ​မှန်​ကျိန်​ဆို​ကြ​၏။

Ver Capítulo

Garrad Bible

ထာ ဝ ရ ဘု ရား၏ အ သက် တော် ကို တိုင် တည် လျက် သ စ္စာ ဆို သော် လည်း၊ မု သာ သုံး ကြ ၏။

Ver Capítulo

Judson Bible

သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု ဆို​သော်​လည်း၊ အ​ကယ်​စင်​စစ် မ​ဟုတ်​မ​မှန် ကျိန်​ဆို​တတ်​ကြ၏။

Ver Capítulo



ယေ​ရ​မိ 5:2
15 Referencias Cruzadas  

အို ယာကုပ်​အမျိုးအနွယ်​တို့​၊ နားထောင်​ကြ​လော့​။ သင်​တို့​သည် အစ္စရေး​ဟူသော​အမည်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​၊ ယုဒ​စမ်းရေတွင်း​များ​မှ စီး​ထွက်လာ​သူ​၊ သစ္စာတရား​အားဖြင့်​မ​ဟုတ်​၊ ဖြောင့်မတ်​ခြင်း​အားဖြင့်​မ​ဟုတ်​ဘဲ ထာဝရဘုရား​၏​နာမ​တော်​ကို တိုင်တည်ကျိန်ဆို​သူ​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ ပတ္ထနာပြု​သော​သူ​၊


‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု သစ္စာရှိ​စွာ​၊ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ သင်​ကျိန်ဆို​လျှင် လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ထံ​တော်​မှ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည်​။ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် အီဂျစ်​ပြည်​၌​နေထိုင်​သော ယုဒ​လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ ယုဒ​လူမျိုး​တို့​၏​နှုတ်​မှ ဘုရားရှင်​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​ဟူ၍ ငါ​၏​နာမ​ကို တိုင်တည်​ရ​တော့​မည်​မ​ဟုတ်​’​ဟု ငါ​၏​ကြီးမြတ်​သော​နာမ​ကို တိုင်တည်​၍ မိန့်ဆို​ပြီ​။


သင်​တို့​သည် ခိုး​လျက်​၊ လူသတ်​လျက်​၊ အိမ်ထောင်ရေးဖောက်ပြန်​လျက်​၊ မဟုတ်မမှန်​ကျိန်ဆို​လျက်​၊ ဗာလ​ဘုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​လျက်​၊ သင်​တို့​မ​သိ​သော​အခြား​ဘုရား​များ​နောက်သို့​လိုက်​လျက်​နှင့်


မည်သူ​သည် တောကန္တာရ​၌ ခရီးသွား​ဧည့်သည်​များ စခန်းချ​ရာ​နေရာ​လေး​တစ်နေရာ​ကို ငါ့​အား ပေး​မည်နည်း​။ သို့ပြုလျှင် ငါ​သည် ငါ​၏​လူမျိုး​တော်​ကို​စွန့်​၍ သူ​တို့​ထံမှ​ထွက်သွား​မည်​။ သူ​တို့​အားလုံး​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ သစ္စာမဲ့​သော​လူစု​ဖြစ်​၏​။


သူ​တို့​ပြော​သော​စကား​သည် စကား​သက်သက်​သာ ဖြစ်​၏​။ ပဋိညာဉ်​ဖွဲ့​ရာ​၌ အချည်းနှီး​ကျိန်ဆို​ကြ​၏​။ ထို့ကြောင့် တရားစီရင်​ခြင်း​သည် ထွန်ကြောင်း​ပေါ်တွင် ပေါက်​သော​အဆိပ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။


အို အစ္စရေး​၊ သင်​သည် ပြည့်တန်ဆာလုပ်​ရာ​တွင် ယုဒ​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။ ဂိလဂါလ​မြို့​သို့ မ​သွား​နှင့်​။ ဗေသဝင်​မြို့​သို့ တက်​မ​သွား​နှင့်​။ ‘ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ’​ဟု မ​ကျိန်ဆို​နှင့်​။


ငါ့​နာမ​တော်​ကို​တိုင်တည်​၍ မဟုတ်မမှန်​ကျိန်ဆို​ခြင်း​မ​ပြု​ရ​။ သင့်​ဘုရားသခင်​၏​နာမ​တော်​ကို မ​ရှုတ်ချ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


ခေါင်မိုးပြင်​တွင် ကောင်းကင်​တန်ဆာ​များ​ကို ရှိခိုးကိုးကွယ်​သော​သူ​များ​၊ ထာဝရဘုရား​ကို တိုင်တည်ကျိန်ဆို​လျက်​နှင့် မိလကုံ​ဘုရား​ကို​လည်း တိုင်တည်ကျိန်ဆို​ပြီး ရှိခိုးကိုးကွယ်​သော​သူ​များ​၊


“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။


ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။


သူ​တို့​သည် ဘုရားသခင်​ကို​သိ​သည်​ဟု ဝန်ခံ​ကြ​သော်လည်း သူ​တို့​ပြု​သော​အမှု​များ​အားဖြင့် ဘုရားသခင်​ကို​ငြင်းပယ်​၍ ရွံရှာ​ဖွယ်​ကောင်း​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ ကောင်း​သော​အမှု​ရှိသမျှ​နှင့်​မ​ထိုက်တန်​သော​သူ​များ​ဖြစ်​ကြ​၏။