ဝတ်ပြု 19:12 - မြန်မာ့စံမီသမ္မာကျမ်း12 ငါ့နာမတော်ကိုတိုင်တည်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းမပြုရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။ Ver CapítuloCommon Language Bible12 ကတိတည်ရန်မရည်ရွယ်ဘဲနှင့် ငါ၏နာမ တော်ကိုတိုင်တည်၍ကတိမပေးရ။ ထိုသို့ပြု ခြင်းဖြင့်ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ Ver CapítuloGarrad Bible12 သင့် ဘု ရား သ ခင်၏ နာ မ ညှိုး ပုပ် အောင် နာ မ တော် ကို တိုင် တည် လျက် မု သာ မ ကျိန် မ ဆို ရ။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ Ver CapítuloJudson Bible12 ငါ့နာမကိုတိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကိုမပြုရ။ သင်၏ဘုရားသခင်နာမကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။ Ver Capítulo |
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ပြောဆိုခြင်းကိုမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားကတိသစ္စာတစ်စုံတစ်ခုကိုပြုလျက်ဖြစ်စေ တိုင်တည်၍မပြောဆိုကြနှင့်။ သင်တို့သည် ဟုတ်သည်ကို “ဟုတ်ပါသည်” မဟုတ်သည်ကို “မဟုတ်ပါ”ဟူ၍သာ ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကိုခံရလိမ့်မည်။