La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယေ​ဇ​ကျေ​လ 6:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“​အချင်း​လူသား​၊ အစ္စရေး​တောင်တန်း​ဘက်​သို့​မျက်နှာမူ​လျက်

Ver Capítulo

Common Language Bible

ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​တောင်​များ​ကို​ကြည့်​၍ သူ​တို့​အား ငါ​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို​လော့။-

Ver Capítulo

Garrad Bible

အ ချင်း လူ့ သား ဣ သ ရေ လ တောင် များ သို့ မျက် နှာ မူ၍ ဟော ပြော ဆင့် ဆို လျက်၊

Ver Capítulo

Judson Bible

အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​တောင်​တို့​ကို မျက်​နှာ​ပြု၍၊ သူ​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု​လော့။

Ver Capítulo



ယေ​ဇ​ကျေ​လ 6:2
17 Referencias Cruzadas  

တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘အချင်း​လူသား​၊ စိတ်ထင်ရာ​ကို ပရောဖက်ပြု​ဟောပြော​တတ်​သော သင့်​လူမျိုး​သမီးပျို​တို့​ကို ဆန့်ကျင်​လော့​။ သူ​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။


သူ့​ကို​ကြိုးကွင်းစွပ်​လျက် လှောင်အိမ်​ထဲ​ထည့်​ကာ ဘေဘီလုံ​ဘုရင်​ထံသို့ ခေါ်ဆောင်​သွား​ပြီး ချုပ်နှောင်​ထား​၏​။ ထို့ကြောင့် အစ္စရေး​တောင်​များ​ပေါ်တွင် သူ​၏​ဟိန်းဟောက်သံ​ကို မ​ကြား​ရ​တော့​ပေ​။


“​အချင်း​လူသား​၊ တောင်ဘက်​သို့ မျက်နှာမူ​ပြီး တောင်ဘက်​အရပ်​ကို ဆန့်ကျင်​ဟောပြော​လော့​။ တောင်ဘက်​ရှိ​တောအုပ်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။


“​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​သို့ မျက်နှာမူ​ပြီး သန့်ရှင်းရာဌာန​များ​ကို ဆန့်ကျင်​၍ ဟောပြော​လော့​။ အစ္စရေး​ပြည်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။


သူ​တို့​က ‘​သင်​အဘယ်ကြောင့် ညည်းတွား​သနည်း​’​ဟု မေး​လျှင် သင်​က ‘​ကြား​ရ​သော​သတင်းစကား​ကြောင့်​ဖြစ်​၏​။ ကြား​ရ​သော​သတင်း​အတိုင်း ဖြစ်ပျက်​လာ​လျှင် လူ​တိုင်း စိတ်အားလျော့​မည်​၊ လက်ပန်းကျ​မည်​၊ စိတ်ဓာတ်ကျ​၍ ဒူး​များ​ပျော့ခွေ​သွား​လိမ့်မည်​’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


“​အချင်း​လူသား​၊ အမ္မုန်​အမျိုးသား​တို့​ဘက်​သို့ မျက်နှာမူ​ပြီး သူ​တို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။


“​အချင်း​လူသား​၊ ဆီဒုန်​မြို့​ဘက်​သို့ မျက်နှာမူ​ပြီး သူ​တို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။


ထို​ပြည်​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​မည်​။ သူ​ဂုဏ်ယူအားထား​ရာ သူ​၏​ခွန်အား​ကို​လည်း ကွယ်ပျောက်​စေ​မည်​။ အစ္စရေး​တောင်​တို့​သည် ဖြတ်သန်းသွားလာ​မည့်​သူ​မ​ရှိ​။ လူသူကင်းမဲ့​ရာ​ဖြစ်သွား​မည်​။


ကောင်း​သော​စားကျက်မြေ​တွင် သူ​တို့​ကို ကျွေးမွေး​မည်​။ မြင့်မား​သော​အစ္စရေး​တောင်တန်း​များ​သည် သူ​တို့​ကျက်စား​ရာ​နေရာ​ဖြစ်​လိမ့်မည်​။ ကောင်း​သော​စားကျက်မြေ​တွင်​နေ​ရ​၍ စိမ်းလန်း​သော​ကျက်စား​ရာ အစ္စရေး​တောင်တန်း​များ​ပေါ်တွင် သူ​တို့​ကျက်စား​ရ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


သင်​သည် အစ္စရေး​တောင်တန်း​ကို အရှက်ခွဲ​လျက် ထို​တောင်တန်း​ပျက်စီး​ပြီ​၊ ငါ​တို့​အစာ​ဖြစ်​လေ​ပြီ​ဟု ပြောဆို​သော​စကား​အလုံးစုံ​ကို ငါ​ကြား​ကြောင်း သင်​သိ​ရ​လိမ့်မည်​။


တစ်ဖန် အချင်း​လူသား​၊ အစ္စရေး​တောင်တန်း​အား ဤသို့​ပရောဖက်ပြု​ဟောပြော​လော့​။ ‘​အို အစ္စရေး​တောင်တန်း​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။


ထို​ပြည်​ရှိ အစ္စရေး​တောင်​ပေါ်တွင် သူ​တို့​ကို လူမျိုး​တစ်မျိုးတည်း ဖြစ်စေ​မည်​။ သူ​တို့​အားလုံး​ကို ရှင်ဘုရင်​တစ်ပါးတည်း​သာ အုပ်ချုပ်​မည်​။ သူ​တို့​သည် လူမျိုး​နှစ်​မျိုး​ဖြစ်​တော့​မည်​မ​ဟုတ်​၊ နိုင်ငံ​နှစ်​နိုင်ငံ​အဖြစ် ကွဲပြား​တော့​မည်​မ​ဟုတ်​။


သင်​ဝိုင်း​ထား​သော​ဂျေရုဆလင်​မြို့​ကို စိုက်ကြည့်​လော့​။ လက်သီးလက်မောင်းတန်း​လျက် ထို​မြို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​ရ​မည်​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ထို​အချိန်​တွင် ယောရှု​သည် တောင်​ပေါ်​မြို့​ဖြစ်​သော ဟေဗြုန်​မြို့​၊ ဒေဗိရ​မြို့​၊ အာနပ်​မြို့​တို့​နှင့် ယုဒ​တောင်ပေါ်ဒေသ​၊ အစ္စရေး​တောင်ပေါ်ဒေသ​တို့​၌ နေထိုင်​သော​အာနက​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​၍ သူ​တို့​၏​မြို့​များ​နှင့် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​လေ​၏​။