ယောရှု 11:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထိုအချိန်တွင် ယောရှုသည် တောင်ပေါ်မြို့ဖြစ်သော ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့တို့နှင့် ယုဒတောင်ပေါ်ဒေသ၊ အစ္စရေးတောင်ပေါ်ဒေသတို့၌ နေထိုင်သောအာနကလူမျိုးတို့ကို ချီတက်တိုက်ခိုက်၍ သူတို့၏မြို့များနှင့် သူတို့ကို အကုန်အစင်ဖျက်ဆီးလေ၏။ Ver CapítuloCommon Language Bible21 ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။- Ver CapítuloGarrad Bible21 ထို ကာ လ ယော ရှု ချီ သွား၍၊ ဟေ ဗြုန်၊ ဒေ ဗိ ရ၊ အာ နပ် မြို့ များ နှင့် ယု ဒ ပြည်၊ ဣ သ ရေ လ ပြည် ခင် တန်း တစ် လျှောက် နေ သော အာ န က လူ မျိုး ကို ပယ် ဖျက်၍၊ မြို့ များ ပါ၊ မြေ လှန် သ ဖြင့်၊ Ver CapítuloJudson Bible21 ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနကလူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင်ရှိသမျှတို့မှ ပယ်ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။ Ver Capítulo |
ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။