Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 6:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ‘​အို အစ္စရေး​တောင်တန်း​တို့​၊ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​လော့​။ တောင်ကြီး​တောင်ငယ်​များ​နှင့် မြစ်ချောင်း​ချိုင့်ဝှမ်း​များ​အား ထာဝရဘုရား​က ငါ​ကိုယ်တော်တိုင် သင်​တို့​ထံ ဓားဘေး​ရောက်​စေ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။

Ver Capítulo Copiar

Common Language Bible

3 ဣ​သ​ရေ​လ​တောင်​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန်​ပြော​ကြား လော့။ တောင်​ကြီး​တောင်​ငယ်​များ၊ မြစ်​များ၊ ချိုင့် ဝှမ်း​များ​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​ပြန်​ကြား​လော့။ ငါ​သည်​လူ တို့​ရုပ်​တု​များ​ကိုး​ကွယ်​ရာ​မြင့်​သော​အ​ရပ် ဌာ​န​များ​ကို​ဖျက်​ဆီး​ရန်​ဋ္ဌား​ကို​စေ​လွှတ် မည်။-

Ver Capítulo Copiar

Garrad Bible

3 အို ဣ သ ရေ လ တောင် တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။ တောင် ကုန်း များ အား လည်း ကောင်း၊ ချောင်း ချိုင့် များ အား လည်း ကောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် သင် တို့ အ ပေါ် သို့ ဓား ဘေး သင့် စေ၍၊ မြင့် ရာ ဌာ န များ ကို ဖျက် ဆီး သ ဖြင့်၊

Ver Capítulo Copiar

Judson Bible

3 အို ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် တောင်​ကြီး၊ တောင်​ငယ်၊ မြစ်၊ ချိုင့်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ကိုယ်​တိုင်​သင်​တို့​အ​ပေါ်​သို့ ဓား​ကို​ရောက်​စေ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ဖြို​ဖျက်​မည်။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 6:3
14 Referencias Cruzadas  

သူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ကျောက်တိုင်​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ကုန်း​မြင့်​ရှိသမျှ​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​တို့​အောက်​တွင် ကိုယ့်​အဖို့ တည်​ထား​ကြ​၏​။


ဤနည်းဖြင့် ကိုယ်တော်​သည် ယာကုပ်​အမျိုး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​၏​။ ယဇ်ပလ္လင်​ကျောက်​ရှိသမျှ​တို့​ကို ထုံး​ကျောက်​ကဲ့သို့ အစိတ်စိတ်အမွှာမွှာ​ကျိုးပဲ့​စေ​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို ဖြိုလှဲ​ခြင်း​သည် သူ​၏​အပြစ်​ကို​ဖယ်ရှား​သည့်​အကြောင်းရင်း ဖြစ်​၏​။


သတ်ဖြတ်မှု​နေ့​ကြီး​၌ ရဲတိုက်​များ​ပြိုလဲ​သောအခါ မြင့်မား​သော​တောင်​၊ အထွတ်အမြတ်​ထား​သော​တောင်ကုန်း ရှိသမျှ​တို့​ပေါ်၌ ချောင်း​ရေ​များ​စီး​မည်​။


“​ရှေးကာလ​၌ သင်​၏​ထမ်းပိုး​ကို ငါ​ချိုး​၍ သင်​၏​အချည်အနှောင်​တို့​ကို ငါ​ဖြတ်​ခဲ့​၏​။ သင်​က ‘​အကျွန်ုပ် ဝတ်​မ​ပြု​ပါ​’​ဟု ဆို​၏​။ အကယ်စင်စစ် သင်​သည် ရှိရှိသမျှ​ကုန်း​မြင့်​ပေါ်တွင်​လည်းကောင်း​၊ ရှိရှိသမျှ​စိမ်းလန်း​သော​သစ်ပင်​အောက်​တွင်​လည်းကောင်း ပြည့်တန်ဆာ​လုပ်​၏​။


အို မြေကြီး မြေကြီး မြေကြီး​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။


အကယ်စင်စစ် တောင်ကြီး​၊ တောင်ငယ်​များ​ပေါ်မှ ဆူညံ​သော​အသံ​သည် လှည့်ဖြား​ခြင်း​သာ​ဖြစ်​၏​။ အကယ်စင်စစ် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။


ယောရှိ​မင်းကြီး​လက်ထက်​တွင်​လည်း ငါ့​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​၏​။ “​လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​ပြု​သော​အမှု​ကို သင်​မြင်​ပြီ​လော​။ သူ​သည် မြင့်မား​သော​တောင်​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက် ရှိသမျှ​တို့​သို့​သွား​၍ ပြည့်တန်ဆာလုပ်​လေ​ပြီ​။


အို အစ္စရေး​တောင်တန်း​၊ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ပြန်လာ​တော့​မည်​ဖြစ်၍ သင်​တို့​သည် သူ​တို့​အတွက် အကိုင်းအခက်​ထွက်လာ​၍ အသီး​သီး​ရ​ကြ​လိမ့်မည်​။


ငါ​သည် ပဋိညာဉ်​အလျောက် လက်တုံ့ပြန်​သော​ဓား​ကို သင်​တို့​အပေါ် ကျရောက်​စေ​မည်​။ သင်​တို့​သည် သင်​တို့​၏​မြို့​များ​ထဲ၌ စုဝေး​ကြ​သောအခါ သင်​တို့​အလယ်​သို့ ကပ်ရောဂါ​ဘေး​ကို ငါ​စေလွှတ်​မည်​။ သင်​တို့​သည် ရန်သူ​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်​။


ငါ​သည် သင်​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​၍ သင်​တို့​၏​နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​ကို ခုတ်လှဲ​မည်​။ သင်​တို့​၏​အလောင်း​တို့​ကို သင်​တို့​၏​သက်မဲ့​ရုပ်တု​များ​အပေါ်​၌ စုပုံ​ထား​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် သင်​တို့​ကို​ရွံရှာ​မည်​။


ဣဇက်​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် လူသူကင်းမဲ့​လိမ့်မည်​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်းရာဌာန​တို့​သည်​လည်း တိတ်ဆိတ်​ခြောက်ကပ်​လိမ့်မည်​။ ငါ​သည် ယေရောဗောင်​အမျိုး​ကို ဓား​ဖြင့်​တိုက်​မည်”​ဟု မိန့်​တော်မူ​၏​။


ယခု နားထောင်​လော့​။ ထာဝရဘုရား​က “​ထ​၍ တောင်တန်း​များ​ရှေ့​တွင် သင်​၏​အမှု​ကို တင်ပြ​လော့​။ သင့်​အသံ​ကို တောင်ကုန်း​များ​လည်း ကြား​ပါစေ​။


အို တောင်​များ​တို့​၊ အို ခိုင်ခံ့​သော​မြေကြီး​အုတ်မြစ်​တို့​၊ ထာဝရဘုရား​၏​စွဲချက်​ကို​နားထောင်​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို စွဲချက်တင်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​နှင့် အချေအတင်​ပြောဆို​တော်မူ​မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos