Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 6:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ယဇ်ပလ္လင်​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​သည်​လည်း ချိုးဖဲ့​ခြင်း​ခံရ​မည်​။ သင်​တို့​၏​ရုပ်တု​များ​ရှေ့​တွင် လူ​တို့​ကို လဲကျ​သေဆုံး​စေ​မည်​။

Ver Capítulo Copiar

Common Language Bible

4 ယဇ်​ပလ္လင်​တို့​ကို​ဆွဲ​ချ​ဖျက်​ဆီး​၍​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ခွက်​တို့​ကို​ချိုး​ဖဲ့​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု များ​ရှေ့​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

4 ယဇ် ပ လ္လင် များ ဆိတ် ညံ ခြင်း၊ နေ မင်း တိုင် များ ကျိုး ပဲ့ ခြင်း ခံ ရ လိမ့် မည်။ ငါ သည် ရုပ် ပွား ဆင်း တု များ ရှေ့ လုပ် ကြံ ခံ ရ သူ၊

Ver Capítulo Copiar

Judson Bible

4 သင်​တို့ ယဇ်​ပ​လ္လင်​တို့​သည် လူ​ဆိတ်​ညံ​လိမ့်​မည်။ နေ​ရုပ်​တု​တို့​သည် ကျိုး​ပဲ့​လိမ့်​မည်။ ရုပ်​တု​ဆင်း​တု​တို့​ရှေ့​မှာ သင်​တို့၏​သူ​ရဲ​များ​ကို ငါ​လှဲ​ချ​မည်။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 6:4
13 Referencias Cruzadas  

ထို​သူ​သည် ထာဝရဘုရား​ဆင့်ဆို​စေ​သည့်​အတိုင်း ယဇ်ပလ္လင်​ကို​ဆန့်ကျင်​လျက် “​အို ယဇ်ပလ္လင် ယဇ်ပလ္လင်​၊ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ဒါဝိဒ်​အမျိုးအနွယ်​မှ ယောရှိ​အမည်​ရှိ​သော​သား​တစ်​ယောက် မွေးဖွား​လိမ့်မည်​။ သူ​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​၌ နံ့သာပေါင်း​မီးရှို့ပူဇော်​သော​ယဇ်ပုရောဟိတ်​တို့​ကို သင့်​အပေါ်​တွင် ပူဇော်​လိမ့်မည်​။ လူ​၏​အရိုး​တို့​ကို သင့်​အပေါ်​တွင် မီးရှို့​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ကြွေးကြော်​လေ​၏​။


အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​ကို ချိုး​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ပစ်​ပြီး ထို​နေရာ​ကို လူသေအရိုး​များ​နှင့် အုပ်​ထား​လိုက်​လေ​၏​။


ယုဒ​မြို့ရွာ​တို့​တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ နံ့သာပေါင်း​မီးရှို့​ရာ​ယဇ်ပလ္လင်​များ​ကို​လည်း ဖယ်ရှား​ပစ်​၏​။ သူ့​လက်ထက်​တွင် နိုင်ငံ​တော်​အေးချမ်းသာယာ​လျက် ရှိ​၏​။


ဤနည်းဖြင့် ကိုယ်တော်​သည် ယာကုပ်​အမျိုး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​၏​။ ယဇ်ပလ္လင်​ကျောက်​ရှိသမျှ​တို့​ကို ထုံး​ကျောက်​ကဲ့သို့ အစိတ်စိတ်အမွှာမွှာ​ကျိုးပဲ့​စေ​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို ဖြိုလှဲ​ခြင်း​သည် သူ​၏​အပြစ်​ကို​ဖယ်ရှား​သည့်​အကြောင်းရင်း ဖြစ်​၏​။


အီဂျစ်​ပြည်​ရှိ ဗက်ရှေမက်​မြို့​၏​အထွတ်အမြတ်​ကျောက်တိုင်​တို့​ကို​လည်း ချိုးဖျက်​လိမ့်မည်​။ အီဂျစ်​နတ်ဘုရား​ကျောင်း​များ​ကို​လည်း မီး​ရှို့​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။


သို့ဖြစ်၍ ထာဝရဘုရား​က “​ထို​အရပ်​ကို တောဖက်​အရပ်​ဟူ၍​လည်းကောင်း​၊ ဟိန္နုံ​ချိုင့်ဝှမ်း​ဟူ၍​လည်းကောင်း မ​ခေါ်​တော့​ဘဲ ကွပ်မျက်​ရာ​ချိုင့်ဝှမ်း​ဟု ခေါ်​ရ​သော​နေ့ရက်​ရောက်လာ​လိမ့်မည်​။ အကြောင်းမူကား တောဖက်​အရပ်​၌ နေရာလပ်​မ​ရှိ​တော့​သည့်​တိုင်အောင် လူသေကောင်​များ များပြား​လိမ့်မည်​။


ရုပ်တု​ရှိသမျှ​ကို မွှေးကြိုင်​သော​နံ့သာပေါင်း​ပူဇော်​ရာ​နေရာ​များ​ဖြစ်​သည့် ရုပ်တု​များ​ကြား​နှင့် ယဇ်ပလ္လင်​ပတ်ပတ်လည်​၊ တောင်ကုန်း​များ​နှင့် တောင်ထိပ်​များ​ပေါ်​၊ စိမ်းလန်း​သော​သစ်ပင်​များ​နှင့် သပိတ်ပင်​များ​အောက်​တို့​တွင် လူ​တို့​သေ​နေ​သည်​ကို မြင်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်​။


ငါ​သည် သင်​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​၍ သင်​တို့​၏​နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​ကို ခုတ်လှဲ​မည်​။ သင်​တို့​၏​အလောင်း​တို့​ကို သင်​တို့​၏​သက်မဲ့​ရုပ်တု​များ​အပေါ်​၌ စုပုံ​ထား​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် သင်​တို့​ကို​ရွံရှာ​မည်​။


နောက်တစ်နေ့​နံနက်​စောစောထ​ကြ​သောအခါ​တွင်​လည်း ဒါဂုန်​ဘုရား​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် မြေ​ပေါ်​မှောက်​လျက်​လဲကျ​နေ​၏​။ ဒါဂုန်​ဘုရား​၏​ဦးခေါင်း​နှင့်​လက်ဖဝါး​နှစ်​ဖက်​မှာ တံခါးခုံ​ပေါ်တွင် ပြတ်ကျ​နေ​ပြီး ဒါဂုန်​ဘုရား​သည် ကိုယ်ထည်ကြီး​သာ ကျန်ရှိ​နေ​သည်​ကို တွေ့ရှိ​ကြ​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos