La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယေ​ဇ​ကျေ​လ 26:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​သည် တိုင်ရာ​မြို့ရိုး​ကို ဖျက်ဆီး​၍ ရဲတိုက်​များ​ကို ဖြိုချ​ကြ​လိမ့်မည်​။ အကျိုးအပဲ့​များ​ကို ရှင်းထုတ်​ပြီး သူ့​ကို ကျောက်တလင်းပြင်​ကဲ့သို့ ငါ​ဖြစ်​စေ​မည်​။

Ver Capítulo

Common Language Bible

သင်​၏​မြို့​ရိုး​တို့​ကို​ဖျက်​ဆီး​၍​ပြ​အိုး​တို့ ကို​ဖြို​ချ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထို​မြေ​မှုန့်​တို့​ကို​လွင့်​စေ​၍ ကျောက်​သား ပ​က​တိ​ကို​သာ​လျှင်​ကျန်​ရှိ​စေ​မည်။-

Ver Capítulo

Garrad Bible

သင့် မြို့ ရိုး ကို ဖောက် ဖျက် လျက်၊ ရဲ တိုက် များ ကို ဖြို လှဲ ကြ လိမ့် မည်။ ငါ လည်း၊ ပြောင် သော ကျောက် ကျန် သည့် တိုင် အောင်၊

Ver Capítulo

Judson Bible

သူ​တို့​သည် တု​ရု​မြို့​ရိုး​ကို​ဖျက်၍ ပြ​အိုး​တို့​ကို ဖြို​ချ​ကြ​လိမ့်​မည်။ မြေ​မှုန့်​ကို ငါ​ခြစ်​ခွာ၍ ရှင်း​လင်း​သော​ကျောက်​ကဲ့​သို့ ဖြစ်​စေ​မည်။

Ver Capítulo



ယေ​ဇ​ကျေ​လ 26:4
8 Referencias Cruzadas  

ထာဝရဘုရား​သည် ပင်လယ်ပြင်​ပေါ် လက်​တော်​ကို​ဆန့်​တော်မူ​ပြီ​။ တိုင်းနိုင်ငံ​တို့​ကို ထိတ်လန့်တုန်လှုပ်​စေ​တော်မူ​ပြီ​။ ခါနာန်​ပြည်​၏​ခံတပ်​များ​ကို​ဖျက်ဆီး​ရန် မိန့်​တော်မူ​ပြီ​။


“စပျစ်စိုက်ခင်း​သို့​သွား​၍ ဖျက်ဆီး​ကြ​လော့​။ သို့သော်လည်း အကုန်အစင်​မ​ဖျက်ဆီး​နှင့်​။ အခက်အလက်​များ​သည် ထာဝရဘုရား​နှင့် မဆိုင်​သောကြောင့် ဖယ်ပစ်​လော့​။


သင်​၏​ဥစ္စာပစ္စည်း​များ​ကို​လုယူ​မည်​။ ကုန်ပစ္စည်း​များ​ကို သိမ်းယူ​မည်​။ မြို့ရိုး​တို့​ကို​ဖြိုဖျက်​လိမ့်မည်​။ အိမ်ကြီးအိမ်ကောင်း​များ​ကို ဖြိုဖျက်​ပြီး ကျောက်​များ​၊ သစ်သား​များ​ကို အမှုန့်ပါမကျန် ပင်လယ်​ထဲ​သို့​ပစ်ချ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


တုံးမောင်း​များ​ဖြင့် မြို့ရိုး​ကို ရိုက်ချိုး​လိမ့်မည်​။ ဓားလက်နက်​များ​ဖြင့် ရဲတိုက်​ကို​ဖြိုဖျက်​လိမ့်မည်​။


ထို့ကြောင့် ငါ​သည် တိုင်ရာ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။


တိုင်ရာ​မြို့​သည် ခံတပ်​ကို​တည်​၍ ငွေ​တို့​ကို​မြေမှုန့်​ကဲ့သို့​လည်းကောင်း​၊ ရွှေ​တို့​ကို​လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့​လည်းကောင်း စုပုံ​ထား​ကြ​၏​။