ဟေရှာယ 23:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထာဝရဘုရားသည် ပင်လယ်ပြင်ပေါ် လက်တော်ကိုဆန့်တော်မူပြီ။ တိုင်းနိုင်ငံတို့ကို ထိတ်လန့်တုန်လှုပ်စေတော်မူပြီ။ ခါနာန်ပြည်၏ခံတပ်များကိုဖျက်ဆီးရန် မိန့်တော်မူပြီ။ Ver CapítuloCommon Language Bible11 ထာဝရဘုရားသည်ပင်လယ်ပေါ်မှာ လက်တော်ကိုချိန်ရွယ်လျက် တိုင်းနိုင်ငံများ ကိုပျက်ပြုန်းစေတော်မူပြီ။ ဖိုနီးရှားတို့ ၏ကုန်သွယ်ရေးဌာနများကိုဖျက်ဆီး ပစ်ရန်လည်းအမိန့်ပေးတော်မူလေပြီ။- Ver CapítuloGarrad Bible11 ထာ ဝ ရ ဘု ရား သည် သ မု ဒ္ဒ ရာ ပေါ် တွင် လက် တော် ဆန့် တန်း သ ဖြင့်၊ နိုင် ငံ များ လှုပ် ရှား စေ လျက်၊ ခါ နာန် ပြည် ခံ မြို့ များ ကို ဖျက် ဆီး စေ ခြင်း ငှာ မိန့် မှာ တော် မူ သည့် ပြင်၊ မု ဒိမ်း ကျင့် ခံ ရ သော က ညာ သ တို့ သ မီး ဇိ ဒုန်၊ Ver CapítuloJudson Bible11 ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သောအရပ်တို့ကို ဖျက်ဆီးစေခြင်းငှာ၊ ထာဝရဘုရား အမိန့်တော်ရှိ၏။ Ver Capítulo |
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်၌ရှိသမျှသောအိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ သန့်ရှင်းလိမ့်မည်။ ယဇ်ပူဇော်သောသူအပေါင်းတို့သည် လာ၍ ထိုအိုးတို့ကို ယူပြီး ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့ရက်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်၌ ခါနာန်လူမျိုးဟူ၍ ရှိတော့မည်မဟုတ်။