တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ယေဇကျေလ 26:2 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ တိုင်ရာမြို့က ဂျေရုဆလင်မြို့ကိုဆန့်ကျင်၍ ‘အဟား၊ လူမျိုးတကာတို့၏တံခါးကြီး ကျိုးပဲ့လေပြီ။ ဟင်းလင်းပွင့်လေပြီ။ ထိုမြို့သည် လူဆိတ်ညံရာဖြစ်လေပြီ။ ငါ့အလိုပြည့်စုံလေပြီ’ဟု ဆို၏။ Common Language Bible ကိုယ်တော်က``အချင်းလူသား၊ တုရုမြို့သား တို့က`ယေရုရှလင်မြို့တံခါးသည်ပျက်ပြုန်း လေပြီ။ ထိုမြို့၌တံခါးများပွင့်လျက်ရှိ၏။ ထိုမြို့သည်ငါတို့နှင့်ပြိုင်ဘက်မဖြစ်တော့ ပြီ' ဟုဝမ်းမြောက်စွာဟစ်အော်ကြွေးကြော် လျက်နေကြ၏။ Garrad Bible အ ချင်း လူ့ သား၊ တု ရု မြို့ က၊ လူ အ မျိုး မျိုး တို့၏ တံ ခါး ပေါက် ပျက် လျက်၊ ငါ့ ဘက် သို့ လှည့် ခဲ့ ပြီ။ ဆိတ် ညံ ရာ ရောက် သော ကြောင့်၊ ငါ စည် ကား တော့ မည် ဟု ယေ ရု ရှ လင် မြို့ ကို ရည်၍ ကဲ့ ရဲ့ သော ကြောင့်၊ Judson Bible အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံတို့၏တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည်ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသောကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တစ်ဖက်၌ ဆိုမိသောကြောင့်၊ |
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
သူတို့သည် အကျွန်ုပ်ကိုကြည့်လျက် မိမိတို့ပါးစပ်ကိုကျယ်စွာဖွင့်ကာ “ဟားဟား၊ ငါတို့မျက်စိနှင့် မြင်ခဲ့ရပြီ”ဟု ဆိုကြပါ၏။
အကျွန်ုပ်ကို “ဟားဟား”ဟု ရယ်မောပြောဆိုသောသူတို့သည် မိမိတို့ခံရသောအရှက်ကွဲခြင်းကြောင့် တုန်လှုပ်ချောက်ချားကြပါစေသော။
ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ရွှင်မြူးလျက်ဝမ်းမြောက်ကြပါစေသော။ ကိုယ်တော်၏ကယ်တင်ခြင်းကိုမြတ်နိုးသောသူတို့က “ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏”ဟု အစဉ်မြွက်ဆိုကြပါစေသော။
အကျွန်ုပ်ကို “ဟား ဟား”ဟု ရယ်မောပြောဆိုသောသူတို့သည် မိမိတို့ခံရသောအရှက်ကွဲခြင်းကြောင့် နောက်ပြန်ဆုတ်ကြရပါစေသော။
ဂေဗလလူမျိုး၊ အမ္မုန်လူမျိုးနှင့်အာမလက်လူမျိုးများ၊ တိုင်ရာမြို့သားများနှင့် ဖိလိတ္တိပြည်သားများ ပါဝင်ကြပါ၏။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
တိုင်ရာဘုရင်အားလုံး၊ ဆီဒုန်ဘုရင်အားလုံး၊ ပင်လယ်တစ်ဖက်ကမ်းရှိ ကမ်းရိုးတန်းဒေသများမှဘုရင်များ၊
ထို့နောက် ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးရှိရာသို့ ရောက်လာသော သံတမန်တို့မှတစ်ဆင့် ဧဒုံဘုရင်၊ မောဘဘုရင်၊ အမ္မုန်ဘုရင်၊ တိုင်ရာဘုရင်၊ ဆီဒုန်ဘုရင်တို့ထံသို့ ကြိုးနှင့်ထမ်းပိုးတို့ကို ပေးပို့လော့။
ဖိလိတ္တိလူမျိုးအားလုံးကို ဖျက်ဆီးမည့်နေ့၊ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့ကို စစ်ကူပေးသောကြွင်းကျန်သူရှိသမျှတို့ကို ပယ်ဖျက်မည့်နေ့ ရောက်လာပြီ။ ထာဝရဘုရားသည် ကတ္တောရကျွန်းရှိ ကြွင်းကျန်သောဖိလိတ္တိလူမျိုးတို့ကို ဖျက်ဆီးမည်။
အမ္မုန်အမျိုးသားတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “အစ္စရေးလူမျိုး၌ သားမရှိသလော၊ အမွေခံမရှိသလော။ အဘယ်ကြောင့် မိလကုံဘုရားသည် ဂဒ်ပြည်ကို သိမ်းပိုက်သနည်း။ အဘယ်ကြောင့် သူ့လူမျိုးတို့သည် ဂဒ်ပြည်ရှိမြို့များတွင် နေထိုင်ကြသနည်း”ဟု မိန့်ဆိုတော်မူ၏။
လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။
ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်အတူ အရှေ့ပြည်သားတို့လက်သို့ အပိုင်ပေးလိုက်မည်။ ထို့ကြောင့် လူမျိုးတကာတို့သည် အမ္မုန်အမျိုးသားကို သတိရကြတော့မည်မဟုတ်။
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးကခုန်လျက် အစ္စရေးပြည်ကို ပြောင်လှောင်သောကြောင့်
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မောဘပြည်နှင့် စိရပြည်တို့က ယုဒအမျိုးသည် လူမျိုးခြားတို့နှင့် အတူတူပင်ဖြစ်၏ဟု ဆိုကြသောကြောင့်
ထိုအရပ်တွင် ထာဝရဘုရားရှိလျက်နှင့် သင်တို့က ဤပြည်နှစ်ပြည်၊ ဤလူမျိုးနှစ်မျိုးကို ငါတို့သိမ်းပိုက်၍ ငါတို့အပိုင်ဖြစ်မည်ဟု ဆိုသောကြောင့်
သင်တို့၏ရန်သူက ရှေးကရှိခဲ့သော အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို ငါတို့ပိုင်ပြီဟေ့ဟူ၍ ဆိုလေပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို တိုင်ရာမြို့၊ ဆီဒုန်မြို့နှင့် ဖိလိတ္တိပြည်သားအပေါင်းတို့၊ အဘယ်ကြောင့် ငါ့ကိုဆန့်ကျင်ကြသနည်း။ တစ်စုံတစ်ရာကြောင့် ငါ့ကိုတုံ့ပြန်ကြသလော။ သင်တို့ ငါ့ကိုတုံ့ပြန်လျှင် ငါသည်လည်း မနှေးအမြန် သင်တို့ပြုသောအမှုကို သင်တို့ခေါင်းပေါ် ပြန်ရောက်စေမည်။
တစ်ဖန် ထိုနယ်နိမိတ်သည် ရာမမြို့၊ တိုင်ရာခံတပ်မြို့တို့ဘက်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် ဟောသမြို့သို့ လှည့်သွား၍ အာခဇိပ်နယ်မြေရှိ ပင်လယ်တွင် ဆုံး၏။