ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
ယောဘဝတ္တု။ 20:2 - မြန်မာ့စံမီသမ္မာကျမ်း “တုံ့ပြန်ပြောဆိုလိုသောစိတ် ပြင်းပြလွန်းသဖြင့် ငါ့စိတ်မငြိမ်မသက်ဖြစ်နေ၏။ Common Language Bible ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။ Garrad Bible သို့ အ တွက် ကြောင့် အ ကျွန်ုပ် စိတ် ရှုပ် ထွေး လျက်၊ စိတ် လျင် မြန် လျက် ပင်၊ တုံ့ ပြန် ရန် အ ကြောင်း ကို ရ ပါ၏။ Judson Bible ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။ |
ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
ငါ့အား ပြစ်တင်ရှုတ်ချသောစကားကို ကြားရ၏။ ထို့ကြောင့် ငါနားလည်သလို ငါပြန်ပြောမည်။
“သင်နှင့် စကားပြောလျှင် သင်စိတ်အနှောင့်အယှက်ဖြစ်မည်လော။ သို့သော် မည်သူသည် စကားမပြောဘဲနေနိုင်မည်နည်း။
“လူအပေါင်းတို့သည် လိမ်လည်သောသူများသာဖြစ်ကြ၏”ဟု ငါအလန့်တကြားပြောဆိုမိ၏။
“ကိုယ်တော်၏မျက်မှောက်တော်မှ အဆက်ဖြတ်ခံရပြီ”ဟု အကျွန်ုပ်အလန့်တကြားပြောဆိုမိပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်ထံ အကူအညီအော်ဟစ်တောင်းခံသောအခါ ကိုယ်တော်သည် အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူ၏။
စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။ စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
အလျင်စလိုစကားပြောဆိုတတ်သောသူကို သင်မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။
ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။
သူသည်လည်း ချက်ချင်းပင် မင်းကြီးထံအလျင်အမြန်ဝင်၍ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယခုပင် ကျွန်မအားပေးစေလိုပါသည်”ဟု တောင်းလျှောက်လေ၏။
သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။