သင်တို့အားလုံး ထပ်လာ၍ ငြင်းခုံကြ။ သင်တို့တွင် ပညာရှိဟူ၍တစ်ယောက်မျှ ငါတွေ့ရမည်မဟုတ်။
ယောဘဝတ္တု။ 18:3 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့် ငါတို့ကို တိရစ္ဆာန်ကဲ့သို့ မှတ်ရသနည်း။ အဘယ်ကြောင့် ငါတို့ကို လူတုံးလူအဟု မြင်ရသနည်း။ Common Language Bible သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့် မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြု သနည်း။ Garrad Bible အ ဘယ့် ကြောင့် အ ကျွန်ုပ် တို့ ကို တိ ရ စ္ဆာန် ကဲ့ သို့ မှတ်၍၊ မ သန့် မ စင် ဟု ထင် မြင် ကြ သ နည်း။ Judson Bible သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့်မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ |
သင်တို့အားလုံး ထပ်လာ၍ ငြင်းခုံကြ။ သင်တို့တွင် ပညာရှိဟူ၍တစ်ယောက်မျှ ငါတွေ့ရမည်မဟုတ်။
ကိုယ်တော်သည် သူတို့စိတ်ကို အသိဉာဏ်နှင့်ကင်းစေတော်မူပြီ။ သူတို့ကို ချီးမြှောက်တော်မူမည်မဟုတ်။
“မည်သည့်အချိန်မှ သင်တို့စကားဆုံးမည်နည်း။ ဆင်ခြင်သုံးသပ်ပြီးမှ ငါတို့စကားပြောကြမည်။
သင်အမျက်ထွက်၍ သင့်ကိုယ်သင် ဆွဲဆုတ်ပစ်လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်းသွားရမည်လော။ ကျောက်ဆောင်လည်း နေရာမှရွေ့ပေးရမည်လော။
အကျွန်ုပ်သည် အသိတရားမဲ့၍ မည်သည့်အရာမျှမသိ။ ကိုယ်တော်၏ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ခဲ့ပါ၏။
တစ်ဖန် လူသားတို့နှင့်ပတ်သက်၍ “သူတို့သည် တိရစ္ဆာန်ကဲ့သို့သာဖြစ်ကြောင်းကို သူတို့တွေ့မြင်ကြစေရန် ဘုရားသခင်သည် သူတို့ကိုစိစစ်တော်မူ၏”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။
ညီအစ်ကိုချင်းချစ်သောမေတ္တာအားဖြင့် အချင်းချင်းချစ်ခင်ကြင်နာကြ၍ ရိုသေသမှုပြုခြင်း၌ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု မှတ်ယူကြလော့။
ထိုသူကို အချက်လေးဆယ်ထက် ပိုမရိုက်ရ။ ထို့ထက်ပိုရိုက်လျှင် သင့်အမျိုးသားချင်းသည် အရှက်ရလိမ့်မည်။