ဒေသနာကျမ်း။ 3:18 - မြန်မာ့စံမီသမ္မာကျမ်း18 တစ်ဖန် လူသားတို့နှင့်ပတ်သက်၍ “သူတို့သည် တိရစ္ဆာန်ကဲ့သို့သာဖြစ်ကြောင်းကို သူတို့တွေ့မြင်ကြစေရန် ဘုရားသခင်သည် သူတို့ကိုစိစစ်တော်မူ၏”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။ Ver CapítuloCommon Language Bible18 လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့ သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊ Ver CapítuloGarrad Bible18 လူ သား တို့ နှင့် စပ် လျဉ်း၍ ငါ အောက် မေ့ သည် ကား။ ဘု ရား သ ခင် စံ ချ၍ ပြ တော် မူ သ ဖြင့်။ တိ ရ စ္ဆာန် ဖြစ် သည် ကို၊ ကိုယ် တိုင် သိ ကြ စေ ခြင်း ငှာ တည်း။ Ver CapítuloJudson Bible18 လူသားတို့နေရာကိုရည်မှတ်၍ ငါအောက်မေ့သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည်အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊ Ver Capítulo |
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
လုံးဝမပျက်ပြယ်နိုင်ရာ။ “ကိုယ်တော်သည် မိမိမိန့်တော်မူသောစကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍ တရားဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း လူခပ်သိမ်းသည် လိမ်လည်သောသူဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်တော်မူသောအရှင်ဖြစ်ပါစေသော။