ဉာဏ်ပညာသည် ပတ္တမြားထက်အဖိုးတန်၍ သင်နှစ်သက်သောမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
ဗျာဒိတ် 21:19 - မြန်မာ့စံမီသမ္မာကျမ်း မြို့ရိုး၏အုတ်မြစ်တို့ကို ကျောက်မျက်ရတနာအမျိုးမျိုးဖြင့် တန်ဆာဆင်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယမှာ နီလာ၊ တတိယမှာ မဟူရာ၊ စတုတ္ထမှာ မြ၊ Common Language Bible မြို့ရိုးအုတ်မြစ်များကိုကျောက်မျက်ရတနာ အမျိုးမျိုးတို့ဖြင့်ခြယ်လှယ်ထား၏။ ပထမအုတ် မြစ်မှာနဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာမဟူရာ၊ စတုတ္ထ အုတ်မြစ်မှာမြ၊- Garrad Bible မြို့ ရိုး အောက် ခံ များ ကို ကျောက် မျက် အ မျိုး မျိုး နှင့် ချယ် လှယ်၍ ပ ထ မ အောက် ခံ စိန်၊ ဒု တိ ယ ကျောက် ပြာ၊ တ တိ ယ ဆီး၊ စ တု တ္ထ မြ၊ Judson Bible မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ဖြစ်၏။ ဒုတိယ အမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကား မြ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း မြို့ရိုးအုတ်မြစ်များကို ကျောက်မျက်ရတနာအမျိုးမျိုးဖြင့် အလှဆင်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာ မဟူရာ၊ စတုတ္ထအုတ်မြစ်မှာ မြ၊ |
ဉာဏ်ပညာသည် ပတ္တမြားထက်အဖိုးတန်၍ သင်နှစ်သက်သောမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
ထိုမြို့သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ပြည့်စုံ၍ ၎င်း၏အလင်းရောင်သည် ကျောက်မျက်ရတနာနှင့်တူပြီး ကျောက်သလင်းသဖွယ်ကြည်လင်သော နဂါးသွဲ့ကျောက်ကဲ့သို့ဖြစ်၏။
ထိုင်နေတော်မူသောထိုအရှင်သည် နဂါးသွဲ့နှင့်ပတ္တမြားကျောက်ကဲ့သို့သောအဆင်းအရောင်ရှိ၍ ပလ္လင်တော်ပတ်လည်တွင် မြကဲ့သို့သောအဆင်းအရောင်ရှိသည့် သက်တံရှိ၏။