La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဗျာ​ဒိတ် 2:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပေရဂံ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။

Ver Capítulo

Common Language Bible

``ပေ​ရ​ဂံ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ထက်​မြက်​သော​သန်​လျက် ဆောင်​ထား​သူ​၏​ထံ​မှ​ဖြစ်​၏။-

Ver Capítulo

Garrad Bible

ပေ ရ ဂံ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ ထက် သော သံ လျက် ရှိ သူ အ ရှင် က၊

Ver Capítulo

Judson Bible

ပေ​ရ​ဂံ​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ ထက်​သော​သန်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ပေရဂံမြို့​၌​ရှိသော အသင်းတော်​၏​ကောင်းကင်တမန်​ထံသို့ စာရေးလော့။ ထက်သော​သန်လျက်​ကို ကိုင်ဆောင်ထားသူ​က ဤသို့​မိန့်တော်မူ၏။

Ver Capítulo



ဗျာ​ဒိတ် 2:12
10 Referencias Cruzadas  

ဆင်းရဲ​သော​သူ​တို့​ကို ဖြောင့်မတ်​စွာ​တရားစီရင်​မည်​။ နိမ့်ကျ​သော​မြေကြီးသား​တို့​အတွက် တရားမျှတ​စွာ​ဆုံးဖြတ်​မည်​။ မြေကြီး​ကို သူ​၏​နှုတ်​ကြိမ်လုံး​ဖြင့် ရိုက်နှက်​၍ ဆိုးယုတ်​သော​သူ​တို့​ကို နှုတ်ထွက်​လေ​ဖြင့် ကွပ်မျက်​မည်​။


ငါ​၏​နှုတ်​ကို ထက်​သော​ဓား​ကဲ့သို့​ဖြစ်စေ​တော်မူ​၏​။ လက်​တော်​အရိပ်​၌ ငါ့​ကို​ဝှက်​ထား​တော်မူ​၏​။ ချွန်ထက်​သော​မြား​ကဲ့သို့ ငါ့​ကို​ဖြစ်စေ​လျက် မြားကျည်တောက်​ထဲ၌ ငါ့​ကို​ပုန်း​နေ​စေ​တော်မူ​၏​။


ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထက်မြက်​ကာ အသွား​နှစ်​ဖက်​ပါ​သည့် ဓား​ရှိသမျှ​တို့​ထက် သာ၍​ထက်​သဖြင့် အသက်​နှင့်​ဝိညာဉ်​တို့​အထိ​လည်းကောင်း၊ အဆစ်အမြစ်​နှင့်​ခြင်ဆီ​တို့​အထိ​လည်းကောင်း ထိုးဖောက်​ပိုင်းခြား​တတ်​၏။ စိတ်နှလုံး​၏​စဉ်းစား​ဆင်ခြင်​မှု​နှင့်​သဘောထား​တို့​ကို​လည်း ထိုးထွင်း​သိမြင်​နိုင်​၏။


ထို​အသံ​က“သင်​မြင်​ရ​သော​အရာ​ကို စာစောင်​တွင်​ရေးသား​၍ ဧဖက်​မြို့၊ စမုရန​မြို့၊ ပေရဂံ​မြို့၊ သွာတိရ​မြို့၊ သာဒိ​မြို့၊ ဖိလဒေလဖိ​မြို့​နှင့် လောဒိကိ​မြို့​တို့​၌​ရှိ​သော အသင်းတော်​ခုနစ်​ပါး​ထံသို့ ပေးပို့​လော့”​ဟု ဆို​၏။


သူ​၏​လက်ယာ​လက်​တွင် ကြယ်​ခုနစ်​လုံး​ရှိ​၍ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ ထွက်​နေ​၏။ သူ​၏​မျက်နှာ​သည် မိမိ​အရှိန်အဝါ​ဖြင့် ထွန်းလင်း​နေ​သော​နေ​ကဲ့သို့​ဖြစ်​၏။


လူမျိုး​တကာ​တို့​ကို​ဒဏ်ခတ်​ရန် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​လိမ့်မည်။ သူ​သည် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​၏​အမျက်​တော်​ဆိုင်ရာ ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​၏​စပျစ်သီး​နယ်ရာ​ကျင်း​ကို နင်းနယ်​လိမ့်မည်။


ကြွင်းကျန်​သော​သူ​တို့​မူကား မြင်း​စီး​သော​သူ​၏​ခံတွင်း​မှ​ထွက်​သော​သန်လျက်​ဖြင့် သတ်ဖြတ်​ခြင်း​ခံရ​ပြီး ငှက်​အပေါင်း​တို့​သည် သူ​တို့​၏​အသား​ကို ဝလင်​စွာ​စား​ရ​ကြ​၏။


ဧဖက်​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ မိမိ​လက်ယာ​လက်​တွင် ကြယ်​ခုနစ်​လုံး​ကို​ကိုင်​ထား​သော​သူ၊ ရွှေ​ဆီမီးခုံ​ခုနစ်​ခု​အလယ်​၌ သွားလာ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ထို့ကြောင့် နောင်တရ​လော့။ သို့မဟုတ်လျှင် ငါ​သည် သင့်​ထံသို့​အလျင်အမြန်​လာ​၍ ငါ့​ခံတွင်း​မှ​သန်လျက်​ဖြင့် သူ​တို့​ကို​တိုက်ခိုက်​မည်။


ဧဟုဒ​သည် အသွား​နှစ်​ဖက်​ပါ​၍ အလျား​တစ်တောင်​ခန့်​ရှည်​သော​သန်လျက်​ကို ပြုလုပ်​ပြီးလျှင် ယာဘက်​ပေါင်​၊ အဝတ်​အောက်​တွင် ဝှက်​ထား​၍