ဗျာဒိတ် 1:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။ Ver CapítuloCommon Language Bible11 ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။ Ver CapítuloGarrad Bible11 သင် မြင် သ မျှ ကို ကျမ်း ပြု၍ ရေး သား ပြီး လျှင် ဧ ဖက်၊ စ မု ရ န၊ ပေ ရ ဂံ၊ သွာ တိ ရ၊ သာ ဒိ၊ ဖိ လ ဒေ လ ဖိ၊ လော ဒိ ကိ မြို့ များ ရှိ အ သင်း တော် ခု နစ် ပါး ထံ ပို့ လိုက် လော့ ဟု မိန့် တော် မူ သံ ကို ငါ ကြား ရ သ ဖြင့်။ Ver CapítuloJudson Bible11 မြည်သောအချက်ဟူမူကား၊ သင်သည် မြင်သောအရာကို စာစောင်၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးလိုက်လော့ဟု ဆိုသတည်း။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။ Ver Capítulo |
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။