မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကိုမှတ်သားဆင်ခြင်၍ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို နားလည်ပါစေ။
ဗျာဒိတ် 13:18 - မြန်မာ့စံမီသမ္မာကျမ်း ဤနေရာတွင် ဉာဏ်ပညာရှိရန်လိုအပ်၏။ ထိုးထွင်းဉာဏ်ရှိသောသူသည် သားရဲ၏ကိန်းဂဏန်းကိုတွက်ချက်ပါစေ။ အကြောင်းမူကား ၎င်းသည် လူတစ်ဦး၏ကိန်းဂဏန်းဖြစ်ပြီး ထိုကိန်းဂဏန်းမှာ ခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ်၏။ Common Language Bible ဤကိစ္စနှင့်ပတ်သက်၍ဉာဏ်ပညာရှိရန်လို ပေသည်။ ဉာဏ်ပညာရှိသူသည်သားရဲ၏ ကိန်းဂဏန်းအနက်ကိုတွက်ချက်ကြည့်နိုင် ၏။ ထိုကိန်းဂဏန်းသည်လူတစ်ယောက်၏ နာမည်ကိုကိုယ်စားပြု၏။ ထိုကိန်းဂဏန်း မှာခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ် သတည်း။ Garrad Bible ပ ညာ ပြ ရ သည် မှာ ဉာဏ် ကောင်း သူ သည် လူ၏ ဂ ဏာန်း ဖြစ် သော ထို သား ရဲ၏ ဂ ဏာန်း ကို ရေ တွက် စေ။ ခြောက် ရာ့ ခြောက် ဆယ့် ခြောက် ဖြစ် သ တည်း။ Judson Bible ဤအရာ၌ ပညာရှိ၏။ ဉာဏ်ရှိသောသူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤကိစ္စနှင့်ပတ်သက်၍ ဉာဏ်ပညာ ရှိရန် လိုအပ်၏။ ဉာဏ်ပညာရှိသူသည် သားရဲ၏ ကိန်းဂဏန်းကို တွက်ချက်၍ အဓိပ္ပာယ်ဖွင့်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ထိုကိန်းဂဏန်းသည် လူတစ်ဦးကို ကိုယ်စားပြုသောကြောင့်ဖြစ်၏။ သူ၏ ကိန်းဂဏန်းမှာ ခြောက်ရာခြောက်ဆယ့်ခြောက် ဖြစ်၏။ |
မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကိုမှတ်သားဆင်ခြင်၍ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို နားလည်ပါစေ။
လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာသည် မရပ်သင့်သောနေရာ၌ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ထွက်ပြေးကြစေ။
သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။
(အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။)
အချိန်နီးကပ်ပြီဖြစ်၍ ဤပရောဖက်ပြုဟောပြောသောစကားကို ဖတ်ကြားသောသူနှင့် ဤစကားကိုကြားနာ၍ ၎င်းတွင်ရေးထားသောအရာများကို လိုက်နာစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
တစ်ဖန် မီးနှင့်ရောထားသည့် ဖန်ပင်လယ်ကဲ့သို့သောအရာကိုလည်းကောင်း၊ သားရဲ၊ သူ၏ရုပ်တုနှင့် သူ့အမည်၏ကိန်းဂဏန်းတို့အပေါ် အနိုင်ရသောသူတို့သည် ဘုရားသခင်၏စောင်းများကိုကိုင်ဆောင်လျက် ထိုဖန်ပင်လယ်ပေါ်တွင်ရပ်နေကြသည်ကိုလည်းကောင်း ငါမြင်ရ၏။
ဤနေရာတွင် ဉာဏ်ပညာပါသောအသိစိတ်ရှိရန်လိုအပ်၏။ ခေါင်းခုနစ်လုံးသည် ထိုမိန်းမထိုင်နေသောတောင်ခုနစ်လုံးဖြစ်ပြီး
မြို့ရိုးထုကိုလည်းတိုင်းလေရာ ကောင်းကင်တမန်၏အတိုင်းအတာလည်းဖြစ်သော လူ၏အတိုင်းအတာအားဖြင့် အတောင် တစ်ရာလေးဆယ့်လေးတောင်ရှိ၏။