ဗျာဒိတ် 13:17 - မြန်မာ့စံမီသမ္မာကျမ်း17 သားရဲ၏အမည်၊ သို့မဟုတ် သူ့အမည်၏ကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ်မရှိလျှင် မည်သူမျှ အရောင်းအဝယ်မပြုနိုင်ရန်စီရင်လေ၏။ Ver CapítuloCommon Language Bible17 ထိုအမှတ်တံဆိပ်တည်းဟူသောသားရဲ၏ နာမည် သို့မဟုတ်ကိုယ်စားပြုသည့်ကိန်း ဂဏန်းကို ရိုက်နှိပ်ထားသူမှတစ်ပါးအဘယ် သူမျှကုန်ရောင်းကုန်ဝယ်ခွင့်မရ။ Ver CapítuloGarrad Bible17 သား ရဲ၏ အ မည် ဂ ဏာန်း တည်း ဟူ သော ထို သ ညာ ကင်း သူ မည် သူ မျှ ရောင်း ဝယ် ခွင့် မ ရ။ Ver CapítuloJudson Bible17 ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တစ်ခုခုကို မခံသောသူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှာလည်းကောင်း စီရင်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း17 ထိုသားရဲ၏ အမည်၊ သို့မဟုတ် သူ၏ အမည်ကို ကိုယ်စားပြုသောကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ် မရှိလျှင် မည်သူမျှ အရောင်းအဝယ် ပြုခွင့်မရ။ Ver Capítulo |
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။