ဗျာဒိတ် 13:18 - မြန်မာ့စံမီသမ္မာကျမ်း18 ဤနေရာတွင် ဉာဏ်ပညာရှိရန်လိုအပ်၏။ ထိုးထွင်းဉာဏ်ရှိသောသူသည် သားရဲ၏ကိန်းဂဏန်းကိုတွက်ချက်ပါစေ။ အကြောင်းမူကား ၎င်းသည် လူတစ်ဦး၏ကိန်းဂဏန်းဖြစ်ပြီး ထိုကိန်းဂဏန်းမှာ ခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ်၏။ Ver CapítuloCommon Language Bible18 ဤကိစ္စနှင့်ပတ်သက်၍ဉာဏ်ပညာရှိရန်လို ပေသည်။ ဉာဏ်ပညာရှိသူသည်သားရဲ၏ ကိန်းဂဏန်းအနက်ကိုတွက်ချက်ကြည့်နိုင် ၏။ ထိုကိန်းဂဏန်းသည်လူတစ်ယောက်၏ နာမည်ကိုကိုယ်စားပြု၏။ ထိုကိန်းဂဏန်း မှာခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ် သတည်း။ Ver CapítuloGarrad Bible18 ပ ညာ ပြ ရ သည် မှာ ဉာဏ် ကောင်း သူ သည် လူ၏ ဂ ဏာန်း ဖြစ် သော ထို သား ရဲ၏ ဂ ဏာန်း ကို ရေ တွက် စေ။ ခြောက် ရာ့ ခြောက် ဆယ့် ခြောက် ဖြစ် သ တည်း။ Ver CapítuloJudson Bible18 ဤအရာ၌ ပညာရှိ၏။ ဉာဏ်ရှိသောသူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း18 ဤကိစ္စနှင့်ပတ်သက်၍ ဉာဏ်ပညာ ရှိရန် လိုအပ်၏။ ဉာဏ်ပညာရှိသူသည် သားရဲ၏ ကိန်းဂဏန်းကို တွက်ချက်၍ အဓိပ္ပာယ်ဖွင့်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ထိုကိန်းဂဏန်းသည် လူတစ်ဦးကို ကိုယ်စားပြုသောကြောင့်ဖြစ်၏။ သူ၏ ကိန်းဂဏန်းမှာ ခြောက်ရာခြောက်ဆယ့်ခြောက် ဖြစ်၏။ Ver Capítulo |
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။