La Biblia Online

Anuncios


Toda la Biblia A.T. N.T.




နေ​ဟ​မိ 3:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​၏​ဘေး​တွင် ဟက္ကုတ်​၏​မြေး​၊ ဥရိယ​၏​သား​မေရမုတ် ပြုပြင်​၏​။ သူ​၏​ဘေး​တွင် မေရှဇဗေလ​၏​မြေး​၊ ဗေရခိ​၏​သား​မေရှုလံ ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ဗာနာ​၏​သား​ဇာဒုတ် ပြုပြင်​၏​။

Ver Capítulo

Common Language Bible

မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဟက္ကု​၏​မြေး၊ ဥ​ရိ​ယ​၏​သား​မေ​ရ​မုတ်​တည်​ဆောက်​၍၊ နောက်​ထပ်​တစ်​ပိုင်း​ကို​မေ​ရှ​ဇ​ဗေ​လ​၏​မြေး၊ ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ​တည်​ဆောက်​လေ သည်။ နောက်​တစ်​ပိုင်း​ကို​ဗာ​နာ​၏​သား​ဇာ​ဒုတ် တည်​ဆောက်​၏။

Ver Capítulo

Garrad Bible

၎င်း အ စပ်၊ ဟ က္ကုတ် မြေး၊ ဥ ရိ ယ သား မေ ရ မုတ်။ ၎င်း အ စပ်၊ မေ ရှ ဇ ဗေ လ မြေး၊ ဗေ ရခိ သား မေ ရှု လံ။ ၎င်း အ စပ်၊ ဗာ နာ့ သား ဇာဒုတ် တို့ ပြင် ဆင် ကြ ၏။

Ver Capítulo

Judson Bible

သူ​တို့​နောက်​မှ၊ ကော​ဇ​သား​ဖြစ်​သော ဥ​ရိ​ယ၏​သား မေ​ရ​မုတ် ပြင်၏။ သူ့​နောက်​မှ၊ မေ​ရှ​ဇ​ဗေ​လ​သား​ဖြစ်​သော ဗေ​ရ​ခိ၏​သား မေ​ရှု​လံ ပြင်၏။ သူ့​နောက်​မှ၊ ဗာ​နာ​သား ဇာ​ဒုတ်​ပြင်၏။

Ver Capítulo



နေ​ဟ​မိ 3:4
11 Referencias Cruzadas  

ယဇ်ပုရောဟိတ်​သားမြေး​တို့​တွင် ဟဗာယ​သားမြေး​၊ ဟက္ကုတ်​သားမြေး​နှင့် ဂိလဒ်​ပြည်သား ဗာဇိလဲ​သမီး​ကို​စုံဖက်​၍ ထို​နာမည်​ကို​ဆက်ခံ​သူ ဗာဇိလဲ​သားမြေး​တို့​လည်း လိုက်ပါ​လာ​ကြ​၏​။


စတုတ္ထ​နေ့​တွင် ဘုရားသခင်​၏​အိမ်​တော်​၌ ရွှေ​ငွေ​နှင့် အသုံးအဆောင်​များ​ကို ချိန်တွယ်​ပြီး ယဇ်ပုရောဟိတ်​ဥရိယ​၏​သား မေရမုတ်​လက်​သို့ ပေးအပ်​လိုက်​၏​။ ထို​နေရာ​တွင် ဖိနဟတ်​၏​သား​ဧလာဇာ​၊ လေဝိ​အမျိုး​ယေရွှာ​၏​သား ယောဇဗဒ်​နှင့် ဗိနွိ​၏​သား နောဒိ​တို့​လည်း ရှိ​ကြ​၏​။


ဗုန္နိ​၊ အာဇဂဒ်​၊ ဗေဗဲ​၊


မေရှဇဗေလ​၊ ဇာဒုတ်​၊ ယာဒွါ​၊


မေရှုလံ​၊ အဘိယ​၊ မိယာမိန်​၊


သူ​၏​ဘေး​တွင် ဟက္ကုတ်​၏​မြေး​၊ ဥရိယ​၏​သား​မေရမုတ်​သည် ဧလျာရှိပ်​၏​အိမ်​တံခါးဝ​မှ ဧလျာရှိပ်​၏​အိမ်​အစွန်း​ပိုင်း​အထိ ပြုပြင်​၏​။


ဟသေန​သားမြေး​တို့​သည် ငါး​တံခါး​ကို ပြန်လည်​တည်ဆောက်​ကြ​၏​။ တံခါးထုပ်​များ​၊ တံခါးရွက်​များ​၊ မင်းတုပ်​များ​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​ကြ​၏​။


သူ​၏​ဘေး​တွင် ရှေလမိ​၏​သား​ဟာနနိယ​နှင့် ဇာလပ်​၏​ဆဋ္ဌမ​မြောက်​သား​ဟာနုန်​တို့ ပြုပြင်​ကြ​၏​။ သူ​တို့​၏​ဘေး​တွင် ဗေရခိ​၏​သား​မေရှုလံ​သည် မိမိ​အိမ်​ရှေ့​တွင် ပြုပြင်​၏​။


သူ​၏​ဘေး​တွင် တေကော​မြို့သား​တို့ ပြုပြင်​ကြ​၏​။ သို့သော် သူ​တို့​၏​ခေါင်းဆောင်​တို့​သည် သခင်​စေခိုင်း​သည်​ကို မ​ထမ်းဆောင်​လို​ကြ​ပေ​။


တောဘိ​သည် အာရာ​၏​သား​ဖြစ်​သော​ရှေခနိ​၏​သမက်​ဖြစ်​သည်​သာမက သူ့​သား​ယေဟောဟနန်​သည် ဗေရခိ​၏​သား​ဖြစ်​သူ​မေရှုလံ​၏​သမီး​နှင့် စုံဖက်​သောကြောင့် ယုဒ​လူ​အများအပြား​တို့​က သူ့​ထံ သစ္စာခံ​ကြ​၏​။


ယဇ်ပုရောဟိတ်​တို့​တွင် ဟဗာယ​သားမြေး​၊ ဟက္ကုတ်​သားမြေး​နှင့် ဂိလဒ်​ပြည်သား ဗာဇိလဲ​သမီး​ကို စုံဖက်​၍ ထို​နာမည်​ကို ဆက်ခံ​သူ ဗာဇိလဲ​သားမြေး​တို့​လည်း လိုက်ပါ​လာ​ကြ​၏​။