ဧဇရ 8:33 - မြန်မာ့စံမီသမ္မာကျမ်း33 စတုတ္ထနေ့တွင် ဘုရားသခင်၏အိမ်တော်၌ ရွှေငွေနှင့် အသုံးအဆောင်များကို ချိန်တွယ်ပြီး ယဇ်ပုရောဟိတ်ဥရိယ၏သား မေရမုတ်လက်သို့ ပေးအပ်လိုက်၏။ ထိုနေရာတွင် ဖိနဟတ်၏သားဧလာဇာ၊ လေဝိအမျိုးယေရွှာ၏သား ယောဇဗဒ်နှင့် ဗိနွိ၏သား နောဒိတို့လည်း ရှိကြ၏။ Ver CapítuloCommon Language Bible33 ထိုနောက်စတုတ္ထနေ့၌ဗိမာန်တော်သို့သွား၍ ရွှေငွေနှင့်အသုံးအဆောင်များကိုချိန်တွယ် ကာ ဥရိယ၏သားယဇ်ပုရောဟိတ်မေရမုတ် လက်သို့ပေးအပ်ကြ၏။ သူနှင့်အတူဖိနဟတ် ၏သား ဧလာဇာနှင့်လေဝိအနွယ်ဝင်နှစ်ဦး ဖြစ်ကြသော ယောရှု၏သားယောဇဗဒ်နှင့် ဗိနွိ၏သားနောဒိတို့လည်းရှိကြ၏။- Ver CapítuloGarrad Bible33-34 စ တု တ္ထ နေ့၌ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် တွင်၊ ဥ ရိ ယ သား ပ ရော ဟိတ် မေ ရ မုတ်၊ ဖိ န ဟတ် သား ဧ လာ ဇာ၊ ယော ရှု သား လေ ဝိ ဂိုဏ်း ဝင် ယော ဇ ဗဒ်၊ ဗိ နွိ သား နော ဒိ တို့ လက် ရောက်။ ရွှေ၊ ငွေ၊ အ သုံး အ ဆောင် ဟူ သ မျှ ကို၊ ရေ တွက် ချိန် တွယ် ပေး အပ် သော အ ခါ၊ စာ ရင်း မှတ် ယူ ကြ၏။ Ver CapítuloJudson Bible33 စတုတ္ထနေ့တွင် ငါတို့ဘုရားသခင်၏ အိမ်တော်၌၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇဗဒ်၊ ဗိနွိသားနောဒိတို့သည် ဝိုင်း၍ကြည့်ရှုလျက်၊ Ver Capítulo |