မိမိအိမ်သူအိမ်သားတို့ကိုဒုက္ခပေးသောသူသည် လေကိုအမွေဆက်ခံရလိမ့်မည်။ ဆိုးမိုက်သောသူသည်လည်း စိတ်နှလုံး၌ ပညာရှိသောသူ၏အစေအပါးဖြစ်ရလိမ့်မည်။
ဒေသနာကျမ်း။ 5:16 - မြန်မာ့စံမီသမ္မာကျမ်း ဤအရာသည်လည်း ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။ လူသည် မိမိလာသည့်အတိုင်း အလျှင်းမခြားနားဘဲ ပြန်သွားရမည်။ သူသည် လေအတွက်ကြိုးပမ်းအားထုတ်သည်ဖြစ်၍ သူ၌မည်သည့်အကျိုးရှိသနည်း။ Common Language Bible သူသည်လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောမှုအရာသည် အလွန်ဆိုးသောအမှုအရာဖြစ်၏။ လေကို ရအံ့သောငှါ ကြိုးစားအားထုတ်သော သူသည် အဘယ်ကျေးဇူးရှိသနည်း။ Garrad Bible ထို သူ သည်၊ အ ရာ ရာ တွင် လာ ခဲ့ ရ သည့် နည်း သူ၊ ပြန် သွား ရ သည့် အ ကြောင်း မှာ၊ ဘေး ဆိုး ဖြစ်၏။ လေ ကို ရ ရန် သာ လုပ် ကိုင် ရ သော ထို သူ၌၊ မည် သည့် အ ကျိုး ရှိ သ နည်း။ Judson Bible သူသည် လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွားရသောမှုအရာသည် အလွန်ဆိုးသော အမှုအရာဖြစ်၏။ လေကိုရအံ့သောငှာ ကြိုးစားအားထုတ်သောသူသည် အဘယ်ကျေးဇူးရှိသနည်း။ |
မိမိအိမ်သူအိမ်သားတို့ကိုဒုက္ခပေးသောသူသည် လေကိုအမွေဆက်ခံရလိမ့်မည်။ ဆိုးမိုက်သောသူသည်လည်း စိတ်နှလုံး၌ ပညာရှိသောသူ၏အစေအပါးဖြစ်ရလိမ့်မည်။
လူသည် နေအောက်တွင် သူကြိုးပမ်းအားထုတ်သည့် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံးတို့မှ မည်သည့်အကျိုးကိုရရှိသနည်း။
သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။
နေအောက်တွင် ငါတွေ့မြင်ရသည့် ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုတစ်ခုရှိ၏။ ထိုအမှုမှာ ဓနဥစ္စာသည် ၎င်းကိုထိန်းသိမ်းထားသောပိုင်ရှင်အား ဒုက္ခပေးခြင်းပင်ဖြစ်၏။
အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်သော်လည်း၊ လူးလွန့်ရသော်လည်း လေကိုဖွားမြင်ကြ၏။ အကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးပေါ်သို့ ကယ်တင်ခြင်းကို မယူဆောင်လာနိုင်ပါ။ လောကသားတို့ကိုလည်း မလဲကျစေနိုင်ပါ။
ယဇ်ပုရောဟိတ်တို့ကလည်း ‘ထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။ ပညတ်တရားကို စွဲကိုင်သောသူတို့သည် ငါ့ကိုမသိကြ။ အုပ်ချုပ်သူတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုကြ၏။ အကျိုးမပေးသောအရာတို့နောက်သို့လိုက်ကြ၏။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။
ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
ထိုသို့သောသူတို့မှစ၍ သူတို့နှင့်အတူလုပ်ဆောင်လျက် ကြိုးစားအားထုတ်နေသောသူအားလုံးတို့ကိုနာခံကြရန် သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
အကျိုးမပေးသော၊ မကယ်တင်နိုင်သောအချည်းနှီးသောအရာတို့နောက်သို့လိုက်၍ လမ်းမလွဲကြနှင့်။ ထိုအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။