ဟေရှာယ 26:18 - မြန်မာ့စံမီသမ္မာကျမ်း18 အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်သော်လည်း၊ လူးလွန့်ရသော်လည်း လေကိုဖွားမြင်ကြ၏။ အကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးပေါ်သို့ ကယ်တင်ခြင်းကို မယူဆောင်လာနိုင်ပါ။ လောကသားတို့ကိုလည်း မလဲကျစေနိုင်ပါ။ Ver CapítuloCommon Language Bible18 ကျွန်တော်မျိုးတို့သည်နာကျင်ခြင်း ဝေဒနာခံရကြပါ၏။ သို့ရာတွင်အဘယ်အမှုကိုမျှ မဖြစ်ပွားစေပါ။ ကျွန်တော်မျိုးတို့သည်မိမိတို့နိုင်ငံအတွက် အဘယ်အောင်ပွဲကိုမျှမရကြပါ။ အဘယ်အမှုကိုမျှအထမြောက်အောင် ဆောင်နိုင်ခဲ့သည်မရှိပါ။ Ver CapítuloGarrad Bible18 သ န္ဓေ လွယ် လျက် ဝေ ဒ နာ ခံ စား ရ သော် လည်း၊ နေ ပြည် တွင် ဘေး လွတ် ခြင်း အ မှု ကို လည်း ကောင်း၊ သား ဖွား ခြင်း အ မှု ကိုလည်း ကောင်း၊ မ ဖြစ် စေ ဘဲ၊ လေ ကို သာ ဖွား မြင် ရ ကြ ပါ သည် တ ကား။ Ver CapítuloJudson Bible18 အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင်ခြင်းဝေဒနာကို ခံရသော်လည်း၊ လေကိုဖွားသကဲ့သို့ ဖြစ်ကြပါပြီတကား။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့မရောက်ကြ။ လောကီသားတို့သည် မလဲကြပါ။ Ver Capítulo |
အို ထာဝရဘုရား၊ ဤလောက၏အမွေကိုသာ ခံစားကြရသော လောကီသားတို့၏လက်မှ ကိုယ်တော်၏လက်တော်ဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကိုယ်တော်သည် သူတို့၏ဝမ်းကို ကိုယ်တော်၏ဘဏ္ဍာတော်နှင့်ပြည့်စေတော်မူ၏။ သူတို့သည် သားသမီးအများအပြားထွန်းကား၍ သူတို့၏ကလေးများအတွက်လည်း သူတို့၏စည်းစိမ်ဥစ္စာကို ချန်ထားတတ်ကြပါ၏။
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။