ဂျုံနှင့်ပန်းဂျုံတို့မူကား ကောက်နှောင်းဖြစ်၍ ၎င်းတို့ကို မိုးသီးမထိ။)
သို့ရာတွင်ဂျုံစပါးပင်တို့သည် အမှည့် နောက်ကျသဖြင့်မပျက်စီးကြချေ။
ဂျုံ ပင်၊ ပြောင်း ပင် များ ကား မ ပေါက် သေး သော ကြောင့် ထို ဘေး မ ထိ ချေ။
ဂျုံစပါး၊ ကောက်စပါးပင်ကိုကားမထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။
ဂိဗောင်မြို့သားတို့လက်သို့ အပ်လိုက်သဖြင့် ဂိဗောင်မြို့သားတို့သည် သူတို့ကို ထာဝရဘုရားရှေ့တော် တောင်ပေါ်တွင်ကြိုးဒဏ်ပေး၏။ သူတို့သည် သီးနှံရိတ်သိမ်းချိန် မုယောစပါးစတင်ရိတ်သိမ်းသော ပထမရက်တွင် အသတ်ခံရ၍ ခုနစ်ဦးစလုံး ပြိုင်တူသေကြလေ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “ကျိုင်းကောင်များ အီဂျစ်ပြည်ပေါ်သို့ တက်လာ၍ မိုးသီးဘေးဖြစ်ပြီးနောက်ကြွင်းကျန်သမျှသော ထိုပြည်ရှိအပင်အားလုံးတို့ကို စားမည့်အကြောင်း သင်၏လက်ကို အီဂျစ်ပြည်ပေါ်သို့ ဆန့်လော့”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ မောရှေသည် မိမိလက်ကို ကောင်းကင်သို့ဆန့်လိုက်ရာ အီဂျစ်ပြည်တစ်ပြည်လုံး၌ သုံးရက်ပတ်လုံးအမှောင်ထုကြီးကျရောက်၏။
ကျိုင်းကောင်များသည် မြေမျက်နှာပြင်ကိုဖုံးလွှမ်းသဖြင့် မြေကြီးကိုမြင်ရတော့မည်မဟုတ်။ ထိုကျိုင်းကောင်တို့သည် မိုးသီးဘေးဖြစ်ပြီးနောက် သင်တို့၌ကြွင်းကျန်သောအကြွင်းအကျန်တို့ကို စားကြလိမ့်မည်။ သင်တို့၏လယ်၌ပေါက်သောအပင်ရှိသမျှတို့ကို စားကြလိမ့်မည်။
(မုယောပင်သည် အနှံထွက်လျက်၊ ဗီသွာပင်များသည်လည်း ဖူးပွင့်လျက်ရှိ၏။ မုယောပင်နှင့်ဗီသွာပင်များကို မိုးသီးထိ၏။
မောရှေသည် ဖာရောမင်းကြီးထံမှ မြို့ပြင်သို့ထွက်သွား၍ သူ၏လက်ကို ထာဝရဘုရားထံသို့ဖြန့်လျှင် မိုးချုန်းသံများနှင့်မိုးသီးကျခြင်းရပ်သွား၍ မြေပေါ်သို့ မိုးမရွာတော့ပေ။
လယ်မျက်နှာပြင်ကိုညှိပြီးသောအခါ စမုန်နက်ကိုမကြဲဘဲနေမည်လော။ ဇီရာကို မပျိုးဘဲနေမည်လော။ ဂျုံကိုလည်း အတန်းလိုက်မစိုက်၊ မုယောစပါးကိုလည်း သတ်မှတ်ထားသောနေရာ၌မစိုက်၊ ပန်းဂျုံကိုလည်း လယ်အစပ်၌ မစိုက်ဘဲနေမည်လော။
ဂျုံဆန်၊ မုယောဆန်၊ ပဲကြီး၊ ပဲနီ၊ ဆပ်၊ ပန်းဂျုံတို့ကိုယူ၍ အိုးတစ်လုံးတွင်ထည့်ထား၍ မုန့်လုပ်ရမည်။ သင်စောင်းအိပ်ရသောရက်ပေါင်း သုံးရာ့ကိုးဆယ်တွင် ထိုမုန့်ကို စားရမည်။