၂ ရာ 21:9 - မြန်မာ့စံမီသမ္မာကျမ်း9 ဂိဗောင်မြို့သားတို့လက်သို့ အပ်လိုက်သဖြင့် ဂိဗောင်မြို့သားတို့သည် သူတို့ကို ထာဝရဘုရားရှေ့တော် တောင်ပေါ်တွင်ကြိုးဒဏ်ပေး၏။ သူတို့သည် သီးနှံရိတ်သိမ်းချိန် မုယောစပါးစတင်ရိတ်သိမ်းသော ပထမရက်တွင် အသတ်ခံရ၍ ခုနစ်ဦးစလုံး ပြိုင်တူသေကြလေ၏။ Ver CapítuloCommon Language Bible9 ဂိဗောင်မြို့မှလူတို့သည်ထိုသူတို့အား တောင်ပေါ်တွင် ထာဝရဘုရား၏ရှေ့တော် ၌စက်တိုင်တင်လိုက်ကြ၏။ ထိုသူခုနစ် ယောက်စလုံးတို့သည်နွေဦးပေါက်မုယော စပါးရိတ်သိမ်းစကာလ၌တစ်ပြိုင်နက် သေကြလေသည်။ Ver CapítuloGarrad Bible9 ဂိ ဗောင် မြို့ သား တို့ လက် တွင်း သို့ အပ် လိုက် သ ဖြင့် ထို သူ ခု နစ် ယောက် တို့ သည် မု ယော စ ပါး ရိတ် သိမ်း စ အ ခါ ထာ ဝ ရ ဘု ရား ရှေ့၊ တောင် ပေါ် တွင် ကား တင် ခံ လျက် တစ် ပြိုင် နက် သေ ကြ ရှာ လေ ၏။ Ver CapítuloJudson Bible9 ဂိဗောင်လူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော်၌ဆွဲထား၍၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါးရိတ်စကာလ၊ တစ်နေ့ချင်းတွင် အသေသတ်ခြင်းကိုခံရ၍ တစ်ပြိုင်နက်သေကြ၏။ Ver Capítulo |
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။