အစ္စရေးလူမျိုးတို့ကို ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့်မစံမြန်း။ စံတော်မူရာတဲတော်တစ်ခုမှတစ်ခုသို့သာ ပြောင်းနေခဲ့ပြီ။
ထွက်မြောက် 40:3 - မြန်မာ့စံမီသမ္မာကျမ်း ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။ Common Language Bible တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။- Garrad Bible အ တွင်း၌ သက် သေ တော် သေ တ္တာ ကို သွင်း ထား၍ ကန့် လန့် ကာ ဖြင့် ကာ လော့။ Judson Bible တဲတော်အထဲ၌၊ သက်သေခံချက်သေတ္တာကို သွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။ |
အစ္စရေးလူမျိုးတို့ကို ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့်မစံမြန်း။ စံတော်မူရာတဲတော်တစ်ခုမှတစ်ခုသို့သာ ပြောင်းနေခဲ့ပြီ။
သူတို့သည် အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာ၊ အမြင့်တစ်တောင့်ထွာရှိသော သေတ္တာကို အကေရှားသစ်သားဖြင့်လုပ်၍
ငါသည် ထိုနေရာ၌ သင်နှင့်တွေ့ဆုံမည်။ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ခေရုဗိမ်နှစ်ပါးအကြား ကရုဏာတော်ပလ္လင်အထက်မှနေ၍ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုရမည့်စကားအလုံးစုံကို ငါမှာကြားမည်။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။
ထိုသူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုလည်းကောင်း၊ သက်သေခံချက်သေတ္တာတော်နှင့် ထိုသေတ္တာတော်ပေါ်ရှိ ကရုဏာတော်ပလ္လင်ကိုလည်းကောင်း၊ တဲတော်၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊
သေတ္တာနှင့် သေတ္တာ၏ထမ်းပိုးများကိုလည်းကောင်း၊ ကရုဏာတော်ပလ္လင်နှင့် ၎င်းကိုကာရန် ကန့်လန့်ကာကိုလည်းကောင်း၊
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်နှင့်ဆိုင်သောလုပ်ငန်းရှိသမျှကို တစ်သဝေမတိမ်း လုပ်ဆောင်ပြီးစီးလေ၏။
သူသည် နွားထီး၏သွေးအချို့ကိုယူ၍ ၎င်းကို မိမိလက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်၏မျက်နှာစာပေါ်၌ ဖျန်းရမည်။ သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်ရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။