ထွက်မြောက် 26:31 - မြန်မာ့စံမီသမ္မာကျမ်း31 အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။ Ver CapítuloCommon Language Bible31 ``အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး နှင့်ချည်ချောဖြင့် ရက်သောကန့်လန့်ကာကိုပြု လုပ်လော့။ ကန့်လန့်ကာတွင်ခေရုဗိမ်ရုပ်များ ကိုပန်းဖော်ထားရမည်။- Ver CapítuloGarrad Bible31 ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် လက် မြောက် သူ ခတ် တတ် သော ခေ ရု ဗ ရုပ် ပုံ ပါ ကန့် လန့် ကာ ကို ရက် လုပ် ပြီး လျှင်၊ Ver CapítuloJudson Bible31 တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောကုလားကာတစ်ထည်ကို ချုပ်ရမည်။ Ver Capítulo |
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။
အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။