အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
ထွက်မြောက် 4:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဇိပေါရသည် ချွန်ထက်သောကျောက်ကိုယူ၍ မိမိသား၏ထိပ်ဖုံးအရေပြားကိုလှီးပြီး ၎င်းကို မောရှေ၏ခြေနှင့်ထိစေလျက် “အကယ်စင်စစ် သင်သည် သွေးနှင့်ဆိုင်သော ကျွန်မ၏လင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလျှင် Common Language Bible ထိုအခါသူ၏မယားဇိပေါရသည်ကျောက် စောင်းတစ်ခုကိုယူ၍ သား၏အရေဖျားကို ဖြတ်ပြီးလျှင်ထိုအရေဖျားဖြင့် မောရှေ၏ ခြေတို့ကိုတို့လေ၏။ ထိုနောက်အရေဖျား လှီးဖြတ်ခြင်းမင်္ဂလာကြောင့် ဇိပေါရက``သင် သည်ကျွန်မ၏တရားဝင်လင်ယောကျာ်းပင် ဖြစ်၏'' ဟုဆိုလေ၏။- Garrad Bible ဇိ ပေါ ရ သည် ကျောက် စောင်း ကို ယူ၍ သား၏ အ ရေ ဖျား ကို လှီး ဖြတ် ပြီး မှ လင့် ခြေ ရင်း သို့ ပစ် လျက် စင် စစ် အ ရှင် သည် ကျွန် မ အား သွေး နှင့် စပ် လျဉ်း သော လင် ယောက်ျား ဖြစ် သည် ဟု ဆို သော် မော ရှေ ကို လွှတ် ထား တော် မူ ၏။ Judson Bible ထိုအခါ၊ ဇိပေါရသည် ဓားကိုယူ၍ သား၏အရေဖျားကိုလှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပျပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်သည်ဟု ဆို၏။ |
အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
မောရှေသည် မိမိမယားဇိပေါရကို ပြန်လွှတ်လိုက်သည်ဖြစ်၍ မောရှေ၏ယောက္ခမယေသရောသည် ဇိပေါရနှင့်
မောရှေသည် ရွေလနှင့်အတူနေထိုင်ရန် သဘောတူ၍ ရွေလသည် သူ၏သမီးဇိပေါရကို မောရှေနှင့်ပေးစားလေ၏။
ကိုယ်တော်သည် မောရှေထံမှထွက်သွားလေ၏။ ထိုအခါ ဇိပေါရက “သင်သည် အရေဖျားလှီးခြင်းကြောင့် သွေးနှင့်ဆိုင်သောလင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလေ၏။