Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 2:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 မောရှေ​သည် ရွေလ​နှင့်အတူ​နေထိုင်​ရန် သဘောတူ​၍ ရွေလ​သည် သူ​၏​သမီး​ဇိပေါရ​ကို မောရှေ​နှင့်​ပေးစား​လေ​၏​။

Ver Capítulo Copiar

Common Language Bible

21 မော​ရှေ​သည်​ယေ​သ​ရော​နှင့်​အ​တူ​နေ​ထိုင်​၍၊ ယေ​သ​ရော​၏​သ​မီး​ဇိ​ပေါ​ရ​နှင့်​အိမ်​ထောင် ဘက်​ပြု​လေ​၏။-

Ver Capítulo Copiar

Garrad Bible

21 မော ရှေ လည်း ထို သူ့ ထံ နေ လို သည် နှင့် အ ညီ မော ရှေ ကို သ မီး ဇိ ပေါ ရ နှင့် ထိမ်း မြား ၍၊

Ver Capítulo Copiar

Judson Bible

21 မော​ရှေ​သည် ထို​သူ​ထံ​မှာ​နေ၍​ပျော်​မွေ့​သ​ဖြင့်၊ သ​မီး​ဇိ​ပေါ​ရ​ကို​မော​ရှေ​အား ထိမ်း​မြား​ပေး​စား​လေ​၏။

Ver Capítulo Copiar




ထွက်​မြောက် 2:21
15 Referencias Cruzadas  

သူငယ်​ကြီးပြင်း​လာ​သောအခါ မိခင်​သည် ဖာရော​မင်းကြီး​၏​သမီး​တော်​ထံသို့ သူငယ်​ကို ခေါ်ဆောင်​လာ​၍ သူ​သည် မင်းသမီး​၏​သား​ဖြစ်လာ​၏​။ မင်းသမီး​က “​သူ့​ကို​ရေ​ထဲမှ​ငါ​ဆယ်ယူ​ခဲ့​၏​”​ဟု ဆို​ပြီး သူ​၏​အမည်​ကို မောရှေ ဟု​မှည့်ခေါ်​လေ​၏​။


ထိုအခါ ဖခင်​က မိမိ​သမီး​တို့​အား “​ထို​သူ အဘယ်မှာ​ရှိ​သနည်း​။ သူ့​ကို အဘယ်ကြောင့် ထားခဲ့​သနည်း​။ အစားအစာ​စားသောက်​ရန် သူ့​ကို​သွားခေါ်​လော့​”​ဟု ဆို​၏​။


မောရှေ​သည် မိမိ​ယောက္ခမ မိဒျန်​ယဇ်ပုရောဟိတ်​ယေသရော​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​နေ​စဉ် သူ​သည် သိုးဆိတ်​တို့​ကို တောကန္တာရ​အနောက်ဘက်​သို့​နှင်​သွား​ရာ ဟောရပ် ဟု​ခေါ်​သော​ဘုရားသခင်​၏​တောင်​သို့ ရောက်​လေ​၏​။


ထို့နောက် မောရှေ​သည် မိမိ​ယောက္ခမ​ယေသရော​ထံသို့​ပြန်လာ​ပြီး “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​၌​ရှိ​သော အကျွန်ုပ်​၏​အမျိုးသားချင်း​တို့ အသက်ရှင်​သေး​သလော​ဟု ကြည့်ရှု​ရန် သူ​တို့​ထံ ပြန်​သွား​ခွင့်​ပြု​ပါ​”​ဟု ဆို​၏​။ ယေသရော​က​လည်း မောရှေ​အား “​ငြိမ်းချမ်း​စွာ​သွား​လော့​”​ဟု ဆို​လေ​၏​။


မောရှေ​သည် မိမိ​ယောက္ခမ​ဖြစ်​သူ မိဒျန်​လူမျိုး​ရွေလ​သား ဟောဗပ်​အား “ ‘​ထို​ပြည်​ကို​သင်​တို့​အား ငါ​ပေး​မည်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​အရပ်​သို့ အကျွန်ုပ်​တို့​ခရီးပြု​နေ​ကြ​ပါ​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​အား ကောင်းစား​စေ​မည်​ဟူသော​ကတိထား​ခဲ့​သည်​ဖြစ်၍ အကျွန်ုပ်​တို့​နှင့်အတူ လိုက်​ခဲ့​ပါ​။ သင့်​ကို ကျေးဇူးပြု​ပါ​မည်​”​ဟု ဆို​လေ​၏​။


မောရှေ​သည် ကုရှိ​အမျိုးသမီး​တစ်​ယောက်​နှင့်​စုံဖက်​သဖြင့် ထို​ကုရှိ​အမျိုးသမီး​နှင့်​ပတ်သက်၍ မိရိအံ​နှင့်​အာရုန်​သည် မောရှေ​အား ဆန့်ကျင်​ပြောဆို​ကြ​၏​။


မောရှေ​သည် ထို​စကား​ကို​ကြား​လျှင် ထွက်ပြေး​၍ မိဒျန်​ပြည်​တွင် ဧည့်သည်​အဖြစ်​နေထိုင်​ကာ ထို​ပြည်​၌ သား​နှစ်​ယောက်​ရ​ခဲ့​၏။


သို့သော် ကျေနပ်​တင်းတိမ်​မှု​ဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် ကြီးစွာ​သော​အကျိုးစီးပွား​ပင်​ဖြစ်​၏။


အပြစ်​နှင့်ဆိုင်သော​ပျော်ရွှင်​မှု​ကို ခဏ​သာ​ခံစား​ရ​ခြင်း​ထက် ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ခံရ​ခြင်း​ကို ယုံကြည်​ခြင်း​အားဖြင့်​ရွေးချယ်​၏။


အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။


ချမ်းသာ​သော​သူ​သည် မိမိ​နှိမ့်ချ​ခြင်း​ခံရ​သောအခါ ဂုဏ်ယူ​ဝမ်းမြောက်​စေ။ အကြောင်းမူကား ချမ်းသာ​သော​သူ​သည် မြက်​ပွင့်​ကဲ့သို့ ကွယ်ပျောက်​သွား​လိမ့်မည်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos