Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 4:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 မောရှေ​သည် ခရီး​သွား​စဉ်တွင် စခန်းချ​ရာ​နေရာ​၌ ထာဝရဘုရား​သည် သူ​နှင့်​တွေ့​၍ သူ့​ကို ကွပ်မျက်​ရန်​ရှာကြံ​လေ​၏​။

Ver Capítulo Copiar

Common Language Bible

24 လမ်း​ခ​ရီး​တို့​တွင်​စ​ခန်း​ချ​ရာ​တစ်​နေ​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​တွေ့​ဆုံ​၍ သူ့​အား​အ​ဆုံး​စီ​ရင်​ရန်​ပြု​တော်​မူ​၏။-

Ver Capítulo Copiar

Garrad Bible

24 ခ ရီး စ ခန်း တွင် မော ရှေ ကို ထာ ဝ ရ ဘု ရား တွေ့ ကြုံ၍ သေ စေ ခြင်း ငှါ ကြံ စည် တော် မူ လျှင်၊

Ver Capítulo Copiar

Judson Bible

24 ခ​ရီး​သွား​စဉ်​တွင်၊ စ​ခန်း​ဇ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို​တွေ့၍ ကွပ်​မျက်​ခြင်း​ငှာ ရှာ​ကြံ​တော်​မူ၏။

Ver Capítulo Copiar




ထွက်​မြောက် 4:24
8 Referencias Cruzadas  

အရေဖျားမလှီး​ထား​သော​ယောက်ျား​တည်းဟူသော မိမိ​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ထား​သော​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ ထို​သူ​သည် ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


စခန်းချ​ရာ​နေရာ​၌ တစ်​ယောက်​သည် မိမိ​၏​မြည်း​ကို​အစာ​ကျွေး​ရန် မိမိ​၏​အိတ်​ကို​ဖွင့်​သောအခါ အိတ်​ဝ​၌ မိမိ​၏​ငွေ​ကို​တွေ့​၏​။


သူ​ပြန်သွား​ရာ လမ်း​တွင် ခြင်္သေ့​နှင့်​တိုး​၍ သူ့​ကို​ကိုက်သတ်​သဖြင့် သူ​၏​အလောင်း​သည် လမ်း​ပေါ်တွင်​လဲ​နေ​၏​။ အလောင်း​ဘေး​တွင် မြည်း​နှင့်​ခြင်္သေ့​တို့ ရပ်​နေ​ကြ​၏​။


ဒါဝိဒ်​မင်းကြီး​သည် မျှော်ကြည့်​လျှင် မိုး​နှင့်​မြေ​ကြား​လေ​ထဲ၌​ရပ်​နေ​သော​ကောင်းကင်တမန်​တစ်ပါး​ကို တွေ့​ရ​၏​။ ထို​ကောင်းကင်တမန်​သည် ဓား​ကို​ကိုင်ထား​လျက် ဂျေရုဆလင်​မြို့​ဘက်​သို့ လက်ဆန့်​ထား​၏​။ ထိုအခါ လျှော်တေအဝတ်​ကို​ဝတ်​ထား​သော​ဒါဝိဒ်​မင်းကြီး​နှင့်​သက်ကြီးဝါကြီး​တို့​သည် ပျပ်ဝပ်​လျက် နေ​လေ​၏​။


ထိုအခါ သူ​တို့​သည် သင်​၏​စကား​ကို နားထောင်​ကြ​လိမ့်မည်​။ သင်​နှင့်​အစ္စရေး​သက်ကြီးဝါကြီး​တို့​သည်​လည်း အီဂျစ်​ဘုရင်​ထံသို့​ဝင်​၍ သူ့​အား ‘​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်​တွေ့​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ရန် အကျွန်ုပ်​တို့​ကို သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော​တောကန္တာရ​သို့ သွား​ခွင့်​ပြု​ပါ​’​ဟု လျှောက်ထား​လော့​။


ငါ​သည် သားငယ်​ဆုံးရှုံး​သော​ဝက်ဝံမ​ကဲ့သို့ သူ​တို့​ကို​တိုက်ခိုက်​မည်​။ သူ​တို့​ရင်ဘတ်​ကို ဆွဲဆုတ်​မည်​။ သူ​တို့​ကို ခြင်္သေ့​ကဲ့သို့​ကိုက်စား​ဝါးမျို​မည်​။ တောရိုင်းတိရစ္ဆာန်​ကဲ့သို့ ဆွဲဖြဲ​မည်​။


ထိုအခါ မောရှေ​က အာရုန်​အား “​ထာဝရဘုရား​က ‘​ငါ့​ထံသို့​ချဉ်းကပ်​သော​သူ​တို့​အား ငါ​သန့်ရှင်း​ကြောင်း ငါ​ထင်ရှား​ပြ​မည်​။ လူ​အပေါင်း​တို့​ရှေ့​၌ ငါ​သည် ဘုန်းအသရေ​ရှိ​မည်​’​ဟူ၍ မိန့်ဆို​ခဲ့​သည်​မှာ ဤ​အမှု​ကို​ဆိုလို​၏​”​ဟု ဆို​သော် အာရုန်​သည် တိတ်ဆိတ်​နေ​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos