ထွက်မြောက် 4:25 - မြန်မာ့စံမီသမ္မာကျမ်း25 ထိုအခါ ဇိပေါရသည် ချွန်ထက်သောကျောက်ကိုယူ၍ မိမိသား၏ထိပ်ဖုံးအရေပြားကိုလှီးပြီး ၎င်းကို မောရှေ၏ခြေနှင့်ထိစေလျက် “အကယ်စင်စစ် သင်သည် သွေးနှင့်ဆိုင်သော ကျွန်မ၏လင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလျှင် Ver CapítuloCommon Language Bible25 ထိုအခါသူ၏မယားဇိပေါရသည်ကျောက် စောင်းတစ်ခုကိုယူ၍ သား၏အရေဖျားကို ဖြတ်ပြီးလျှင်ထိုအရေဖျားဖြင့် မောရှေ၏ ခြေတို့ကိုတို့လေ၏။ ထိုနောက်အရေဖျား လှီးဖြတ်ခြင်းမင်္ဂလာကြောင့် ဇိပေါရက``သင် သည်ကျွန်မ၏တရားဝင်လင်ယောကျာ်းပင် ဖြစ်၏'' ဟုဆိုလေ၏။- Ver CapítuloGarrad Bible25 ဇိ ပေါ ရ သည် ကျောက် စောင်း ကို ယူ၍ သား၏ အ ရေ ဖျား ကို လှီး ဖြတ် ပြီး မှ လင့် ခြေ ရင်း သို့ ပစ် လျက် စင် စစ် အ ရှင် သည် ကျွန် မ အား သွေး နှင့် စပ် လျဉ်း သော လင် ယောက်ျား ဖြစ် သည် ဟု ဆို သော် မော ရှေ ကို လွှတ် ထား တော် မူ ၏။ Ver CapítuloJudson Bible25 ထိုအခါ၊ ဇိပေါရသည် ဓားကိုယူ၍ သား၏အရေဖျားကိုလှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပျပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်သည်ဟု ဆို၏။ Ver Capítulo |