ထွက်မြောက် 29:9 - မြန်မာ့စံမီသမ္မာကျမ်း
အာရုန်နှင့်သူ၏သားတို့အား ခါးစည်းကိုစည်းပေးပြီးလျှင် ခေါင်းပေါင်းပေါင်းပေးရမည်။ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်နှင့်အညီ ယဇ်ပုရောဟိတ်အရိုက်အရာကို သူတို့ရရှိမည်။ ဤသို့ဖြင့် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ထားရမည်။
Ver Capítulo
ခါးပန်းကိုစည်းပေးလော့။ ဦးထုပ်ရှည်များ ကိုဆောင်းပေးလော့။ သင်သည်ဤသို့လျှင် အာရုန်နှင့်သူ၏သားများတို့ကိုဘိသိက် ပေးရမည်။ သူတို့နှင့်သူတို့၏အဆက် အနွယ်တို့သည် ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ငါ၏အမှုတော်ကိုအစဉ်ထာဝရ ဆောင်ရွက်ရမည်။
Ver Capítulo
အာ ရုန် နှင့် သား တို့ ကို ခါး ပန်း စည်း စေ လျက်၊ ဦး ရစ် ပေါင်း စေ သ ဖြင့် သူ တို့ သည် အ မြဲ ထုံး ဖွဲ့ ချက် အ တိုင်း ပ ရော ဟိတ် ရာ ထူး ကို ရ ရှိ ကြ လိမ့် မည်။ အာ ရုန် နှင့် သား တို့ ကို ထို သို့ ပင် ခန့် ထား လော့။
Ver Capítulo
ခါးပန်းကိုလည်းစည်း၍၊ ဦးထုပ်ကိုလည်းဆောင်းစေပြီးလျှင်၊ သူတို့သည် ထာဝရပညတ်တော်အတိုင်း ယဇ်ပုရောဟိတ်အရာကိုဆိုင်ရမည်။ ထိုသို့ အာရုန်နှင့်သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
Ver Capítulo