ထွက်မြောက် 27:21 - မြန်မာ့စံမီသမ္မာကျမ်း21 တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ Ver CapítuloCommon Language Bible21 အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။ Ver CapítuloGarrad Bible21 တွေ့ ဆုံ ရာ တဲ တော် တွင် သက် သေ တော် ရှေ့ ကန့် လန့် ကာ ပြင် အာ ရုန် နှင့် သား တို့ သည် ညဉ့် ဦး မှ နံ နက် တိုင် အောင် ငါ ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ ထို အ မှု ကို စီ ရင် ကြ စေ။ ဤ ကား ဣ သ ရေ လ အ မျိုး သား တို့ အ စဉ် အ ဆက် စောင့် ရ မည့် အ မြဲ ထုံး ဖွဲ့ ချက် ဖြစ် သ တည်း။ Ver CapítuloJudson Bible21 အာရုန်နှင့် သူ၏သားတို့သည်၊ ညဉ့်ဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ Ver Capítulo |
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်သောအခါဖြစ်စေ၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါဖြစ်စေ အပြစ်သင့်၍မသေစေရန် ထိုဘောင်းဘီကိုဝတ်ရမည်။ ဤသည်ကား အာရုန်နှင့် နောင်လာမည့်သူ၏သားစဉ်မြေးဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
ထိုမုန့်သည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောပူဇော်သက္ကာများထဲမှ အာရုန်အတွက် အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုမုန့်ကို သန့်ရှင်းသောနေရာ၌စားရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။