ထွက်မြောက် 29:10 - မြန်မာ့စံမီသမ္မာကျမ်း10 နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အရှေ့သို့ ဆွဲခေါ်လာ၍ အာရုန်နှင့်သူ၏သားတို့သည် နွားထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။ Ver CapítuloCommon Language Bible10 ``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။- Ver CapítuloGarrad Bible10 ၎င်း ပြင် ဆို ခဲ့ သော နွား ကို တွေ့ ဆုံ ရာ တဲ တော် ရှေ့ သို့ ဆောင် ခဲ့၍ နွား ခေါင်း ပေါ် တွင် အာ ရုန် နှင့် သား တို့ လက် တင် ကြ စေ။ Ver CapítuloJudson Bible10 ထိုနောက်၊ နွားထီးတစ်ကောင်ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။ Ver Capítulo |
အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။