အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
ထွက်မြောက် 27:9 - မြန်မာ့စံမီသမ္မာကျမ်း ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။ Common Language Bible ``ငါစံတော်မူရာတဲတော်ကို ပိတ်ချောကန့်လန့် ကာတို့ဖြင့်ကာရံထားရမည်။ တောင်ဘက်ကိုက် ငါးဆယ်ရှည်သောကန့်လန့်ကာဖြင့်ကာရမည်။- Garrad Bible စံ ရာ တော် တံ တိုင်း ကို လုပ် ရ မည် ကား၊ တောင် ဘက်၌ အ လျား အ တောင် တစ် ရာ ရှိ သော ပိုး လျော် တင်း တိမ် ရံ ကို ကာ ထား လော့။ Judson Bible တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တစ်ရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကိုလုပ်ရမည်။ |
အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
ထာဝရဘုရားရှေ့တော်ရှိ ကြေးနီယဇ်ပလ္လင်သည် သေးငယ်၍ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ထိုနေ့တွင်ပင် ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကိုလည်း သန့်ရှင်းခြင်းဝတ်ကိုပြု၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုစလုံးအတွင်းတွင် ရှိသမျှကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်များကို တည်၏။
ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏တံခါးများထဲသို့လည်းကောင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏အိမ်တော်ဝင်းထဲသို့လည်းကောင်း ဝင်ကြလော့။ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
ထာဝရဘုရား၏အိမ်တော်ဝင်း၌လည်းကောင်း၊ အို ဂျေရုဆလင်မြို့၊ သင်၏အလယ်၌လည်းကောင်း ငါပြည့်စုံစေမည်။ ဟာလေလုယ။
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးခြင်းခံရသောသူတို့သည် ငါတို့ဘုရားသခင်၏တံတိုင်းတော်များအတွင်း၌ ကြီးပွားကြလိမ့်မည်။
ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
တဲတော်ဝင်း၏အကာများ၊ ထိုအကာများ၏တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊ ဝင်းအဝင်ဝ၏လိုက်ကာကိုလည်းကောင်း၊
ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်၏။
တဲတော်ဝင်း၏အကာများ၊ ထိုအကာများ၏တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊ ဝင်းတံခါး၏လိုက်ကာကိုလည်းကောင်း၊ ဝင်းအတွက်ကြိုးများနှင့်ငုတ်တိုင်များကိုလည်းကောင်း၊ တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်၏အမှုတော်နှင့်ဆိုင်သည့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊
ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်၏။ ဤသို့ဖြင့် မောရှေသည် အလုပ်ကို ပြီးစီးစေ၏။
မုခ်ဆောင်တိုင်များကိုတိုင်းရာ အမြင့်အတောင်ခြောက်ဆယ်စီရှိ၏။ မုခ်ဆောင်တံတိုင်းပတ်ပတ်လည်သည် မုခ်ဆောင်တိုင်အထိမြင့်၏။
ထို့နောက် သူသည် ငါ့ကို အပြင်ဝင်းသို့ ခေါ်ဆောင်သွား၏။ ဝင်းပတ်ပတ်လည်တွင် အခန်းများနှင့်ကျောက်ခင်းစင်္ကြံရှိ၏။ ထိုကျောက်ခင်းစင်္ကြံပေါ်တွင် အခန်းပေါင်းသုံးဆယ်ရှိ၏။
အပြင်ဝင်းတွင် မြောက်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ရှိ၏။ ထိုမုခ်ဆောင်၏အလျားအနံကိုလည်း တိုင်းတာ၏။
အရှေ့မုခ်ဆောင်ကဲ့သို့ပင် မြောက်ဘက်မုခ်ဆောင်တွင်လည်း မျက်နှာချင်းဆိုင်တွင် အတွင်းဝင်းမုခ်ဆောင်ရှိ၍ တစ်ဆောင်နှင့်တစ်ဆောင်အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
တောင်မုခ်ဆောင်ကိုဖြတ်၍ အတွင်းဝင်းသို့ ငါ့ကိုခေါ်ဆောင်သွားပြီး အတွင်းဝင်းရှိ တောင်မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတိုင်းအတာ အတူတူဖြစ်၏။
ထို့နောက် ငါ့ကို အတွင်းဝင်း၏အရှေ့ဘက်သို့ ခေါ်ဆောင်သွားပြီး မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူပင်ဖြစ်၏။
အတွင်းဝင်းထဲရှိ အတွင်းမုခ်ဆောင်အပြင်ဘက်တွင် သီချင်းသည်တို့နေရာအခန်းများရှိ၏။ တစ်ခန်းမှာ မြောက်မုခ်ဆောင်၌ရှိပြီး တောင်ဘက်သို့မျက်နှာမူထား၏။ နောက်တစ်ခန်းမှာ တောင်မုခ်ဆောင်တွင်ရှိပြီး မြောက်ဘက်သို့မျက်နှာမူထား၏။
အတွင်းဝင်းရှိ အတောင်နှစ်ဆယ်ကျယ်သောမြေကွက်လပ်နားရှိ သုံးထပ်ဆောင်နှင့် အပြင်ဝင်းရှိ ကျောက်ခင်းစင်္ကြံနှင့်မျက်နှာချင်းဆိုင် သုံးထပ်ဆောင်တို့၏လျှောက်လမ်းတို့သည် မျက်နှာချင်းဆိုင်လျက်ရှိ၏။
ဝင်းအကာ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွ ကြိုးများ စသည်တို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို တာဝန်ယူထိန်းသိမ်းရ၏။
ဝင်းအကာများ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွကြိုးများ၊ ထိုအရာတို့နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အလုပ်ရှိသမျှတို့ကို ဆောင်ရွက်ရမည်။
ဝင်းပတ်ပတ်လည်တိုင်များ၊ တိုင်များ၏အောက်ခံအစွပ်များ၊ ငုတ်တိုင်များ၊ ကြိုးများစသည့်တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို လုပ်ဆောင်ရမည်။ သူတို့သယ်ဆောင်ရမည့်ပစ္စည်းတို့ကို အမည်နှင့်တကွ ချမှတ်ပေးရမည်။