ထွက်မြောက် 40:33 - မြန်မာ့စံမီသမ္မာကျမ်း33 ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်၏။ ဤသို့ဖြင့် မောရှေသည် အလုပ်ကို ပြီးစီးစေ၏။ Ver CapítuloCommon Language Bible33 ထိုနောက်သူသည်တဲတော်နှင့်ယဇ်ပလ္လင်ပတ် လည်တွင်ဝင်းကာ၍ ဝင်းတံခါးဝ၌ကန့်လန့် ကာကိုတပ်ဆင်လေ၏။ သို့ဖြစ်၍မောရှေသည် လုပ်ငန်းရှိသမျှကိုလုပ်ဆောင်ပြီးစီးလေ သည်။ Ver CapítuloGarrad Bible33 စံ ရာ တော် နှင့် ပူ ဇော် ရာ ပ လ္လင် တော် ပတ် လည်၌ တံ တိုင်း ကို စိုက် ထူ လျက် တံ တိုင်း တံ ခါး ဖြစ် ရန် ကန့် လန့် ကာ ကို ထား ၍ မော ရှေ သည် အ လုပ် အ ဆောင် ကို လက် စ သတ် လေ ၏။ Ver CapítuloJudson Bible33 တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ကာသော ကုလားကာကိုဆွဲလေ၏။ ထိုသို့ မောရှေသည် အလုပ်ကိုပြီးစီးစေသတည်း။ Ver Capítulo |
လေဝိအမျိုးတို့ကို သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၊ ထိုတဲတော်၏တန်ဆာပလာရှိသမျှ၊ ထိုတဲတော်နှင့်ဆိုင်သမျှတို့ကို ထိန်းသိမ်းဖို့ ခန့်အပ်လော့။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏ တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုဆောင်ရွက်၍ ထိုတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။