အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် အမှုဆောင်သောယဇ်ပုရောဟိတ်အားလုံးကို ယဇ်ပလ္လင်ပေါ်တွင် ကွပ်မျက်ပြီး သူတို့အပေါ် လူသေအရိုးတို့ကိုတင်၍ မီးရှို့ပစ်၏။ ထို့နောက်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
ထွက်မြောက် 22:19 - မြန်မာ့စံမီသမ္မာကျမ်း တိရစ္ဆာန်နှင့်မေထုန်ပြုသောသူတိုင်း မုချအသတ်ခံရမည်။ Common Language Bible ``တိရစ္ဆာန်နှင့်ကာမစပ်ယှက်သူကိုသေဒဏ်စီ ရင်ရမည်။ Garrad Bible တိ ရ စ္ဆာန် နှင့် မှား ယွင်း သူ သည် မု ချ သေ ဒဏ် ခံ စေ။ Judson Bible တိရစ္ဆာန်နှင့်သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ |
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် အမှုဆောင်သောယဇ်ပုရောဟိတ်အားလုံးကို ယဇ်ပလ္လင်ပေါ်တွင် ကွပ်မျက်ပြီး သူတို့အပေါ် လူသေအရိုးတို့ကိုတင်၍ မီးရှို့ပစ်၏။ ထို့နောက်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
လူကြီးလူငယ်၊ ယောက်ျားမိန်းမ မရွေး အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို မရှာသောသူအားလုံး အသတ်ခံရမည်ဖြစ်၏။
သင်သည် ထိုပြည်၌နေထိုင်သောသူတို့နှင့်ပဋိညာဉ်ဖွဲ့လျှင် သူတို့သည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ၌လည်းကောင်း၊ မိမိတို့၏ဘုရားများအား ယဇ်ပူဇော်သောအခါ၌လည်းကောင်း သင့်ကိုဖိတ်ခေါ်၍ သင်သည် သူတို့ပူဇော်သောယဇ်ကောင်ကိုစားမိလိမ့်မည်။
ယခင်က သူတို့သည် ဖောက်ပြန်မှားယွင်းပြီး မိမိတို့၏ယဇ်များကို ဆိတ်နတ်ဘုရားများအား ပူဇော်ခဲ့ကြသကဲ့သို့ နောက်တစ်ဖန် မပူဇော်ရ။ ဤသည်ကား သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုခြင်းဖြင့် ထိုတိရစ္ဆာန်နှင့် ညစ်ညူးမှုကို မပြုရ။ မိန်းမသည်လည်း တိရစ္ဆာန်နှင့် ဆက်ဆံခြင်းကို မပြုရ။ ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။
ထို့ကြောင့် သူတို့၏ပြည်သည်လည်း ညစ်ညူး၏။ သို့ဖြစ်၍ ပြည်၏ဒုစရိုက်ကြောင့် ငါဒဏ်ခတ်သဖြင့် ပြည်သည် ပြည်သူပြည်သားတို့ကို အန်ထုတ်လေပြီ။
အစ္စရေးလူမျိုးတို့သည် ရှိတ္တိမ်အရပ်၌ နေထိုင်ကြစဉ် မောဘအမျိုးသမီးတို့နှင့် စ၍ဖောက်ပြန်မှားယွင်းလာကြ၏။
ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို လဟာပြင်အလယ်၌စုပုံ၍ သင်၏ဘုရားသခင်ထာဝရဘုရားထံ ထိုမြို့နှင့်တကွ တိုက်ယူသောပစ္စည်းရှိသမျှတို့ကို အကုန်အစင်မီးရှို့ပူဇော်ရမည်။ ထိုမြို့သည် အပျက်အစီးပုံကြီး အစဉ်ဖြစ်ရမည်။ နောက်တစ်ဖန် မတည်ဆောက်ရ။
ထိုနိမိတ်လက္ခဏာ၊ သို့မဟုတ် အံ့ဩဖွယ်အမှုတို့လည်း ပြည့်စုံလာပြီး ‘သင်တို့မသိသောအခြားဘုရားများနောက်သို့ လိုက်သွားကြကုန်စို့။ ဝတ်ပြုကြကုန်စို့’ဟု သင်တို့အားဆိုလျှင်လည်း
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့တစ်မြို့မြို့တွင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထာဝရဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းသောအမှုကိုပြုကြောင်း၊
သင်သည် ထိုမကောင်းသောအမှုကိုပြုခဲ့သော ယောက်ျားကိုဖြစ်စေ၊ မိန်းမကိုဖြစ်စေ မြို့တံခါးသို့ထုတ်ဆောင်လာပြီး ခဲနှင့်အသေပေါက်သတ်ရမည်။
‘တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။