တရားဟော 13:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုနိမိတ်လက္ခဏာ၊ သို့မဟုတ် အံ့ဩဖွယ်အမှုတို့လည်း ပြည့်စုံလာပြီး ‘သင်တို့မသိသောအခြားဘုရားများနောက်သို့ လိုက်သွားကြကုန်စို့။ ဝတ်ပြုကြကုန်စို့’ဟု သင်တို့အားဆိုလျှင်လည်း Ver CapítuloCommon Language Bible2 သင်တို့ယခင်ကဝတ်မပြု၊ မကိုးကွယ်ဘူး သောဘုရားများကို ဝတ်ပြုကိုးကွယ်စေရန် အလို့ငှာနိမိတ်လက္ခဏာကိုသော်လည်းကောင်း၊ အံ့ဖွယ်သောအမှုကိုသော်လည်းကောင်းပြုမည် ဟုပြောလိမ့်မည်။ သူပြောသည့်အတိုင်း နိမိတ် လက္ခဏာနှင့်အံ့ဖွယ်သောအမှုကိုပြနိုင် သည့်တိုင်အောင်၊- Ver CapítuloJudson Bible2 သင်တို့မသိသော အခြားတစ်ပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုကိုပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုသည် ပြည့်စုံသော်လည်း၊ Ver Capítulo |
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
အကယ်စင်စစ် တေရပ်ရုပ်တုတို့သည် လှည့်စားသောစကားကိုဆို၏။ ဂမ္ဘီရပညာရှင်တို့လည်း မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ အလိမ်အညာအိပ်မက်များကို မြင်မက်ပြီး အချည်းနှီးနှစ်သိမ့်ပေးတတ်၏။ ထို့ကြောင့် လူတို့သည် သိုးစုကဲ့သို့ လှည့်လည်သွားလာရကြ၏။ သိုးထိန်းမရှိသဖြင့် အနှိပ်စက်ခံရကြ၏။