ထွက်မြောက် 22:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။ Ver CapítuloCommon Language Bible20 ``ထာဝရဘုရားမှတစ်ပါးအခြားသော ဘုရားကိုယဇ်ပူဇော်သူအားသေဒဏ်စီရင် ရမည်။ Ver CapítuloGarrad Bible20 ငါ ထာ ရ ဘု ရား မှ တစ် ပါး အ ခြား သော ဘု ရား တို့ ထံ ပူ ဇော် သော သူ သည် မြေ လှန် ခံ စေ။ Ver CapítuloJudson Bible20 ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။ Ver Capítulo |
မီးရှို့ရာယဇ်ပူဇော်ပြီးသည်နှင့် ယေဟုက အစောင့်တပ်သားများနှင့် တပ်မှူးတို့အား “ဝင်ပြီး သတ်ကြ။ တစ်ယောက်ကိုမျှမလွတ်စေနှင့်”ဟု အမိန့်ပေးလိုက်ရာ သူတို့သည် ဓားဖြင့် ဝင်ရောက်သတ်ဖြတ်ကြ၏။ အစောင့်တပ်သားများနှင့် တပ်မှူးတို့သည် အလောင်းများကို ပစ်ထားခဲ့ပြီး ဗာလဘုရားဝတ်ကျောင်း၏အတွင်းခန်းထဲသို့ ဝင်သွားကြ၏။
သူတို့အား ငါမိန့်မှာထားသောလမ်းမှ အလျင်အမြန်လွဲသွားကြပြီ။ သူတို့သည် မိမိတို့အဖို့ နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ရှိခိုးကိုးကွယ်ကြပြီ။ ထိုရုပ်တုအား ယဇ်ပူဇော်၍ ‘အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်သည်’ဟူ၍ ပြောဆိုကြလေပြီ”ဟု မိန့်တော်မူ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။