သူငယ်ကြီးပြင်းလာသောအခါ မိခင်သည် ဖာရောမင်းကြီး၏သမီးတော်ထံသို့ သူငယ်ကို ခေါ်ဆောင်လာ၍ သူသည် မင်းသမီး၏သားဖြစ်လာ၏။ မင်းသမီးက “သူ့ကိုရေထဲမှငါဆယ်ယူခဲ့၏”ဟု ဆိုပြီး သူ၏အမည်ကို မောရှေ ဟုမှည့်ခေါ်လေ၏။
ထွက်မြောက် 2:21 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ရွေလနှင့်အတူနေထိုင်ရန် သဘောတူ၍ ရွေလသည် သူ၏သမီးဇိပေါရကို မောရှေနှင့်ပေးစားလေ၏။ Common Language Bible မောရှေသည်ယေသရောနှင့်အတူနေထိုင်၍၊ ယေသရော၏သမီးဇိပေါရနှင့်အိမ်ထောင် ဘက်ပြုလေ၏။- Garrad Bible မော ရှေ လည်း ထို သူ့ ထံ နေ လို သည် နှင့် အ ညီ မော ရှေ ကို သ မီး ဇိ ပေါ ရ နှင့် ထိမ်း မြား ၍၊ Judson Bible မောရှေသည် ထိုသူထံမှာနေ၍ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကိုမောရှေအား ထိမ်းမြားပေးစားလေ၏။ |
သူငယ်ကြီးပြင်းလာသောအခါ မိခင်သည် ဖာရောမင်းကြီး၏သမီးတော်ထံသို့ သူငယ်ကို ခေါ်ဆောင်လာ၍ သူသည် မင်းသမီး၏သားဖြစ်လာ၏။ မင်းသမီးက “သူ့ကိုရေထဲမှငါဆယ်ယူခဲ့၏”ဟု ဆိုပြီး သူ၏အမည်ကို မောရှေ ဟုမှည့်ခေါ်လေ၏။
ထိုအခါ ဖခင်က မိမိသမီးတို့အား “ထိုသူ အဘယ်မှာရှိသနည်း။ သူ့ကို အဘယ်ကြောင့် ထားခဲ့သနည်း။ အစားအစာစားသောက်ရန် သူ့ကိုသွားခေါ်လော့”ဟု ဆို၏။
မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။
ထို့နောက် မောရှေသည် မိမိယောက္ခမယေသရောထံသို့ပြန်လာပြီး “အကျွန်ုပ်သည် အီဂျစ်ပြည်၌ရှိသော အကျွန်ုပ်၏အမျိုးသားချင်းတို့ အသက်ရှင်သေးသလောဟု ကြည့်ရှုရန် သူတို့ထံ ပြန်သွားခွင့်ပြုပါ”ဟု ဆို၏။ ယေသရောကလည်း မောရှေအား “ငြိမ်းချမ်းစွာသွားလော့”ဟု ဆိုလေ၏။
မောရှေသည် မိမိယောက္ခမဖြစ်သူ မိဒျန်လူမျိုးရွေလသား ဟောဗပ်အား “ ‘ထိုပြည်ကိုသင်တို့အား ငါပေးမည်’ဟု ထာဝရဘုရားမိန့်တော်မူခဲ့သောအရပ်သို့ အကျွန်ုပ်တို့ခရီးပြုနေကြပါ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟူသောကတိထားခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ လိုက်ခဲ့ပါ။ သင့်ကို ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
မောရှေသည် ကုရှိအမျိုးသမီးတစ်ယောက်နှင့်စုံဖက်သဖြင့် ထိုကုရှိအမျိုးသမီးနှင့်ပတ်သက်၍ မိရိအံနှင့်အာရုန်သည် မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။
မောရှေသည် ထိုစကားကိုကြားလျှင် ထွက်ပြေး၍ မိဒျန်ပြည်တွင် ဧည့်သည်အဖြစ်နေထိုင်ကာ ထိုပြည်၌ သားနှစ်ယောက်ရခဲ့၏။
သို့သော် ကျေနပ်တင်းတိမ်မှုဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားပင်ဖြစ်၏။
အပြစ်နှင့်ဆိုင်သောပျော်ရွှင်မှုကို ခဏသာခံစားရခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကို ယုံကြည်ခြင်းအားဖြင့်ရွေးချယ်၏။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။
ချမ်းသာသောသူသည် မိမိနှိမ့်ချခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။ အကြောင်းမူကား ချမ်းသာသောသူသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်သွားလိမ့်မည်။