ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
ထွက်မြောက် 16:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မောရှေနှင့်အာရုန်က အစ္စရေးအမျိုးသားအပေါင်းတို့အား “ထာဝရဘုရားသည် သင်တို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူကြောင်းကို နေဝင်ချိန်၌ သင်တို့သိရကြလိမ့်မည်။ Common Language Bible ထိုကြောင့်မောရှေနှင့်အာရုန်တို့က ဣသရေလ အမျိုးသားအပေါင်းတို့အား``သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောအရှင်သည် ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသင်တို့ယနေ့ ညနေတွင်သိရလိမ့်မည်။- Garrad Bible မော ရှေ နှင့် အာ ရုန် တို့ က လည်း ထာ ဝ ရ ဘု ရား သည် အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ မှန်း ကို ယ နေ့ ညဉ့် ဦး၌ ပင် သင် တို့ သိ ရ ကြ လိမ့် မည်။ Judson Bible မောရှေနှင့်အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်တော်မူသည်ဟု ယနေ့ညဉ့်ဦးယံ၌ သင်တို့သိကြလိမ့်မည်။ |
ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
သို့သော် ငါ့လူမျိုးတော်သည် ငါ့အသံကိုနားမထောင်ခဲ့ပေ။ အစ္စရေးလူမျိုးသည် ငါ့ကိုမနာခံခဲ့ပေ။
ဤနေ့၌ပင် ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ အဖွဲ့လိုက် ထုတ်ဆောင်တော်မူ၏။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
တစ်ဖန် မောရှေက “ထာဝရဘုရားသည် နေဝင်ချိန်၌ သင်တို့စားစရာအသားကိုလည်းကောင်း၊ နံနက်အချိန်၌ လုံလောက်သောမုန့်ကိုလည်းကောင်း ပေးတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားထံ သင်တို့ညည်းညူ၍ မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် မည်သူဖြစ်၍နည်း။ သင်တို့မြည်တွန်တောက်တီးသောအသံသည် ငါတို့ကိုဆန့်ကျင်သည်မဟုတ်၊ ထာဝရဘုရားကိုဆန့်ကျင်နေခြင်းပင်ဖြစ်၏”ဟု ဆိုလေ၏။
မောရှေသည် တောင်ပေါ်မှမဆင်းလာသေးဘဲ ကြန့်ကြာနေသည်ကို လူတို့သိသောအခါ အာရုန်ထံသို့စုရုံးလာ၍ “ထပါ။ ငါတို့ရှေ့မှကြွမည့်ဘုရားကို ငါတို့အဖို့ လုပ်ပေးပါ။ အီဂျစ်ပြည်မှ ငါတို့ကို ထုတ်ဆောင်လာသော ထိုမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို ငါတို့မသိပါ”ဟု ဆိုကြ၏။
ထိုအခါ မောရှေက မိမိ၏ဘုရားသခင် ထာဝရဘုရားအား “အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသောတန်ခိုး၊ အားကြီးသောလက်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့သော ကိုယ်တော်၏လူမျိုးတော်ကို အဘယ်ကြောင့် အမျက်ထွက်တော်မူပါသနည်း။
ထာဝရဘုရားက မောရှေအား “ဆင်းသွားလော့။ အီဂျစ်ပြည်မှ သင်ထုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်ကြလေပြီ။
သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
မောရှေက သူတို့အား “ဤအမှုအားလုံးကို ငါ့စိတ်သဘောအတိုင်း ငါပြုသည်မဟုတ်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူ၍ ငါပြုခြင်းဖြစ်ကြောင်း ဤနည်းဖြင့် သင်တို့ သိကြရမည်။
ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။