တောလည် 16:30 - မြန်မာ့စံမီသမ္မာကျမ်း30 ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible30 သို့ရာတွင်ထာဝရဘုရားသည်ယခင်က မကြားစဖူးသောအမှုကိုပြုတော်မူခြင်း အားဖြင့် သူတို့နှင့်တကွသူတို့ပိုင်ဆိုင်သမျှ ပစ္စည်းများကိုမြေမျိုလိုက်သောကြောင့် သူတို့ သည်အရှင်လတ်လတ်သေဆုံးကြသော် သူ တို့ကိုထာဝရဘုရားပစ်ပယ်သည်ဟုသိ မှတ်ကြလော့'' ဟုလူအပေါင်းတို့အားပြော လေသည်။ Ver CapítuloGarrad Bible30 ထာ ဝ ရ ဘု ရား သည် ဥ ပဒ် အ ထူး ကို စီ မံ တော် မူ သည့် အ လျောက် မြေ ခံ တွင်း ဟ လျက် ထို သူ တို့ နှင့် တ ကွ ဖက် စပ် သူ ရှိ သ မျှ ပါ မျို စား သ ဖြင့် မ ရ ဏာ့ နိုင် ငံ သို့ အ သက် ရှင် လျက် ပင် ကျ ရောက် သော် ကား၊ ထာ ဝ ရ ဘု ရား ကို မ ထီ လေး စား ပြု ကြ ကြောင်း သင် တို့ သိ ရ ကြ လိမ့် မည် ဟု၊ Ver CapítuloJudson Bible30 သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကိုလည်းကောင်း၊ သူတို့နှင့်ဆိုင်သမျှကိုလည်းကောင်းမျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှားကြောင်းကို သင်တို့သည် သိနားလည်ရကြလိမ့်မည်ဟု၊ Ver Capítulo |
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။