La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တ​ရား​ဟော 32:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​၏​နာမ​တော်​ကို ငါ​ကြေညာ​မည်​ဖြစ်၍ ငါ​တို့​၏​ဘုရားသခင် ကြီးမြတ်​တော်မူ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။

Ver Capítulo

Common Language Bible

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ချီး​မွမ်း​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထုတ်​ဖော်​ပြော​ဆို​ကြ​လိမ့်​မည်။

Ver Capítulo

Garrad Bible

ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ငါ ကြော် ငြာ မည့် အ လျောက် ငါ တို့ ဘု ရား သ ခင် တန် ခိုး ကြီး တော် မူ ကြောင်း ဝန် ခံ ကြ လော့။

Ver Capítulo

Judson Bible

ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဖော်​ပြ​သည်​ဖြစ်၍၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဘုန်း​အာ​နု​ဘော်​တော်​ကို ချီး​မွမ်း​ကြ​လော့။

Ver Capítulo



တ​ရား​ဟော 32:3
23 Referencias Cruzadas  

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော့်​အစေအပါး​ကို​ထောက်ညှာ​၍ ကိုယ်တော်​အလိုရှိ​သည့်​အတိုင်း ဤ​ကြီးမြတ်​သော​အမှု​အလုံးစုံ​တို့​ကို ပြု​ပေး​တော်မူ​ပြီ​။ ဤ​ကြီးမြတ်​သော​အမှု​အလုံးစုံ​တို့​ကို​လည်း သိ​စေ​တော်မူ​ပြီ​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​ရှေ့​တွင် ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း “​အကျွန်ုပ်​တို့​၏​ဘိုးဘေး အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကမ္ဘာ​အဆက်ဆက် မင်္ဂလာရှိ​တော်မူ​ပါစေသော​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ အစွမ်းတန်ခိုး​၊ ဘုန်း​တော်​၊ ဂုဏ်​တော်​နှင့်​ပြည့်စုံ​ပါ​၏​။ ခန့်ညားထည်ဝါ​ပါ​၏​။ ကောင်းကင်​နှင့် မြေကြီး​ပေါ်ရှိ​အရာ​အားလုံး​ကို ပိုင်သ​တော်မူ​ပါ​၏​။ နိုင်ငံ​တော်​သည် ထာဝရဘုရား​ပိုင်​တော်မူ​ရာ​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​၏​ဦးခေါင်း​ထက်​တွင် ချီးမြှောက်​ခြင်း​ခံရ​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။


ယခုမှာ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​တို့ ကျေးဇူးတင်​ပါ​၏​။ ဘုန်းကြီး​သော​နာမ​တော်​ကို ချီးမွမ်း​ပါ​၏​။


ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ​ကြောင့် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​အလွန်​ကြီးမြတ်​တော်မူ​ခြင်း​အတွက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။


သင်​တို့​သည် ငါ့​အတွက် မြေ​ယဇ်ပလ္လင်​ကို​တည်​၍ မီးရှို့ရာယဇ်​များ​၊ မိတ်သဟာယယဇ်​များ​အဖြစ် သင်​တို့​၏​သိုး​များ​၊ နွား​များ​ကို ယဇ်ပူဇော်​ရ​မည်​။ ထိုသို့ ငါ​၏​နာမ​တော်​ကို​အောက်မေ့​ရာ​အရပ်ရပ်​ရှိ သင်​တို့​ထံသို့ ငါ​ကြွလာ​၍ သင်​တို့​ကို​ကောင်းချီးပေး​မည်​။


ထာဝရဘုရား​က​လည်း “​ငါ​၏​ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို မျက်ဝါးထင်ထင်​သင်​မြင်​ရ​မည်​။ ထာဝရဘုရား​၏​နာမ​ကို သင့်​ရှေ့​၌ ကြေညာ​မည်​။ ငါ​ကျေးဇူးပြု​လို​သော​သူ​ကို ကျေးဇူးပြု​မည်​။ ငါ​သနား​လို​သော​သူ​ကို သနား​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား အနန္တတန်ခိုးရှင်​ဘုရားသခင်​အဖြစ် ထင်ရှားပြ​ခဲ့​သော်လည်း ထာဝရဘုရား​ဟူသော​ငါ​၏​နာမ​ကို သူ​တို့​မ​သိ​ခဲ့​ကြ​ပေ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​နှင့်​တူ​သော​သူ​မ​ရှိ​ပါ​။ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​၏​။ နာမ​တော်​သည် တန်ခိုး​တော်​ကြောင့် ကြီးမြတ်​ပါ​၏​။


ထို​ဘုရင်​လက်ထက်​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​ဘုရင်​၏​နာမ​ကို​ကား ‘​ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​’​ဟု ခေါ်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


“ကြည့်ရှု​လော့။ အပျို​ကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု ခေါ်​ကြ​လိမ့်မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သည့်​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ (ဧမာနွေလ​၏​အဓိပ္ပာယ်​မှာ “ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ဘုရားသခင်”​ဟူ၍ ဖြစ်​၏။)


အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​တော်မူ​သော​ချစ်​ခြင်း​မေတ္တာ​သည် သူ​တို့​၌​တည်​ရှိ​၍ အကျွန်ုပ်​သည်​လည်း သူ​တို့​၌​တည်​ရှိ​ရန် ကိုယ်တော်​၏​နာမ​တော်​ကို သူ​တို့​အား အကျွန်ုပ်​သိ​စေ​ပါ​ပြီ။ ဆက်လက်​၍​လည်း သိ​စေ​ပါ​ဦး​မည်”​ဟု မြွက်ဆို​တော်မူ​၏။


ဤ​လောက​ထဲမှ ကိုယ်တော်​ရွေးကောက်​၍ အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော​သူ​တို့​အား ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ထင်ရှား​စေ​ပါ​ပြီ။ ထို​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၍ ကိုယ်တော်​သည် သူ​တို့​ကို အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို လိုက်နာ​စောင့်ထိန်း​ကြ​ပါ​ပြီ။


ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​၏​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​သော​ငါ​တို့​အပေါ်​သက်ရောက်​သည့် ကိုယ်တော်​၏​တန်ခိုး​သည် မည်မျှ​ထူးကဲ​ကြီးမား​သည်​ကို​လည်းကောင်း သင်​တို့​အား​သိ​စေ​မည့်​အကြောင်း တောင်းလျှောက်​၏။


‘​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​ကြီးမြတ်​ခြင်း​၊ ကိုယ်တော်​၏​အားကြီး​သော​လက်​တော်​ကို ကိုယ်တော်​၏​အစေအပါး​အား စတင်​ဖော်ပြ​တော်မူ​ပြီ​။ အစွမ်းတန်ခိုးကြီး​သည့်​အမှု​ကို​ကိုယ်တော်​ပြု​တော်မူ​သကဲ့သို့ ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ အဘယ်မည်သော​ဘုရား ပြု​နိုင်​ပါ​သနည်း​။


‘​ကြည့်​ပါ​လော့​၊ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​၏​ဘုန်းအသရေ​တော်​နှင့် မိမိ​၏​ကြီးမြတ်​တော်မူ​ခြင်း​တို့​ကို အကျွန်ုပ်​တို့​အား ပြသ​တော်မူ​ပြီ​။ မီး​ထဲ​မှ​အသံ​တော်​ကို​လည်း အကျွန်ုပ်​တို့​ကြား​ရ​ပါ​ပြီ​။ ဘုရားသခင်​သည် လူ​နှင့်​စကားပြော​သော်လည်း လူ​သည် အသက်ချမ်းသာ​ရာ​ရ​ကြောင်း​ကို ယနေ့ အကျွန်ုပ်​တို့​သိမြင်​ရ​ပါ​ပြီ​။


သူ​တို့​သည် ဘုရားသခင်​၏​ကျွန် မောရှေ​၏​သီချင်း​နှင့် သိုးသငယ်​တော်​၏​သီချင်း​များ​ကို​သီဆို​ကာ “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​၍ အံ့သြဖွယ်​ကောင်း​လှ​ပါ​၏။ လူမျိုး​တကာ​တို့​၏​ဘုရင်၊ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် ဖြောင့်မတ်​၍​မှန်ကန်​ပါ​၏။