၁ ရာချုပ် 29:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးရှေ့တွင် ထာဝရဘုရားကို ချီးမွမ်းထောမနာပြုလေ၏။ ဒါဝိဒ်မင်းကြီးကလည်း “အကျွန်ုပ်တို့၏ဘိုးဘေး အစ္စရေး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူပါစေသော။ Ver CapítuloCommon Language Bible10 ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။- Ver CapítuloGarrad Bible10 ထို အ ခါ ဒါ ဝိဒ် မင်း သည် လူ ပ ရိ သတ် လုံး ရှေ့၊ ထာ ဝ ရ ဘု ရား အား သြ ဘာ ဆက် သည် မှာ အ ကျွန်ုပ် တို့ အ ဘ၊ ဣ သ ရေ လ၏ ဘုရား သ ခင် ထာ ဝ ရ ဘု ရား သည် က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ Ver CapítuloJudson Bible10 ထိုအခါ ဒါဝိဒ်က၊ အကျွန်ုပ်တို့အဘ ဣသရေလ၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ Ver Capítulo |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။