၁ ရာချုပ် 29:9 - မြန်မာ့စံမီသမ္မာကျမ်း9 လူတို့သည်လည်း စေတနာစိတ်နှင့်ပေးလှူရသည်ကို ဝမ်းမြောက်ကြ၏။ စိတ်နှလုံးအကြွင်းမဲ့ စေတနာစိတ်ရှိသည့်အတိုင်း ထာဝရဘုရားထံပေးလှူကြ၏။ ဒါဝိဒ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။ Ver CapítuloCommon Language Bible9 သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။ Ver CapítuloGarrad Bible9 ထို သို့ စုံ လင် သော စိတ် နှင့် စေ တ နာ ထက် သန် စွာ လှူ ဒါန်း ကြ သည် ဖြစ်၍ လူ ပ ရိ သတ် ရွှင် လန်း ကြ၏။ ဒါ ဝိဒ် မင်း လည်း အား ရ ဝမ်း မြောက် လေ ၏။ Ver CapítuloJudson Bible9 လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘောရှိ၍ ထာဝရဘုရားအား ပူဇော်သောကြောင့် ဝမ်းမြောက်ကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ၏။ Ver Capítulo |
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။