၁ ရာချုပ် 29:13 - မြန်မာ့စံမီသမ္မာကျမ်း13 ယခုမှာ အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်တို့ ကျေးဇူးတင်ပါ၏။ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းပါ၏။ Ver CapítuloCommon Language Bible13 ကျွန်တော်မျိုးတို့၏ဘုရား၊ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ဘုန်းအသရေနှင့်ပြည့်ဝသည့်နာမတော် ကိုထောမနာပြုကြပါ၏။'' Ver CapítuloGarrad Bible13 သို့ ဖြစ်၍ အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ ဘုန်း ကြီး တော် မူ သော နာ မ တော် နှင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ ပါ ၏။ Ver CapítuloJudson Bible13 သို့ဖြစ်၍ အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကျေးဇူးတော် ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည်ဝန်ခံ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ၏။ Ver Capítulo |
အို ဘိုးဘေးတို့၏ဘုရားသခင်၊ ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးကိုပေး၍ အကျွန်ုပ်တောင်းလျှောက်သောအရာကို ဖွင့်ပြတော်မူပြီ။ အကျွန်ုပ်တို့အား ရှင်ဘုရင်၏အိပ်မက်ကို သိစေတော်မူပါပြီ”ဟူ၍ ချီးမွမ်းမြွက်ဆိုလေ၏။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။