မုဆိုးမ၊ တစ်ခုလပ်တို့ကို မယားအဖြစ်မယူရ။ အစ္စရေးအမျိုးအနွယ်ထဲမှ အပျိုကညာများနှင့် သေသွားသောယဇ်ပုရောဟိတ်၏မယား မုဆိုးမကိုမူ မယားအဖြစ်ယူနိုင်၏။
တရားဟော 24:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမသည် လင်ယောက်ျား၏အိမ်မှထွက်သွားပြီးနောက် အခြားယောက်ျားတစ်ယောက်ကိုယူ၍ Common Language Bible အကယ်၍ထိုမိန်းမသည် အခြားယောကျာ်း တစ်ဦးနှင့်နောက်ထပ်အိမ်ထောင်ပြု၍၊- Garrad Bible ထွက် ခွာ သော မိန်း မ သည် အိမ် ထောင် ပြု ပြန် သော်၊ Judson Bible ထိုမိန်းမသည် လင်အိမ်မှထွက်သွားသောနောက်၊ အခြားသောသူ၏မယား ဖြစ်ရသောအခွင့်ရှိ၏။ |
မုဆိုးမ၊ တစ်ခုလပ်တို့ကို မယားအဖြစ်မယူရ။ အစ္စရေးအမျိုးအနွယ်ထဲမှ အပျိုကညာများနှင့် သေသွားသောယဇ်ပုရောဟိတ်၏မယား မုဆိုးမကိုမူ မယားအဖြစ်ယူနိုင်၏။
မုဆိုးမ၊ ကွာရှင်းထားသောမိန်းမ၊ အသရေမရှိသောပြည့်တန်ဆာမတို့နှင့် မစုံဖက်ရ။ သူသည် မိမိလူမျိုးထဲမှ အပျိုကညာကိုသာ မယားအဖြစ် စုံဖက်ရမည်။
သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူဖြစ်သောကြောင့် ပြည့်တန်ဆာလုပ်၍ အသရေမရှိသောမိန်းမကို မယူရ။ လင်ယောက်ျားနှင့်ကွာရှင်းထားသောမိန်းမကို မယူရ။
သို့သော် ယဇ်ပုရောဟိတ်၏သမီးသည် မုဆိုးမဖြစ်သွားလျှင်ဖြစ်စေ၊ ကွာရှင်းထားလျှင်ဖြစ်စေ သူ၌သားသမီးမရှိဘဲ သူ့ဖခင်၏အိမ်သို့ပြန်လာ၍ အပျိုကဲ့သို့ ပြန်နေလျှင် ဖခင်၏အစားအစာကို စားခွင့်ရှိ၏။ သာမန်လူတစ်ယောက်မျှ စားခွင့်မရှိ။
မုဆိုးမဖြစ်စေ၊ ကွာရှင်းထားသောမိန်းမဖြစ်စေ မိမိကိုယ်မိမိ ချည်နှောင်သောကတိသစ္စာအားလုံးသည် သူ၌ တည်လိမ့်မည်။
သို့သော် သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းအကြောင်းမှလွဲ၍ မိမိမယားကိုကွာရှင်းသောသူတိုင်းသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
ကိုယ်တော်ကလည်း“မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် ထိုမိန်းမနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
သို့ရာတွင် မယုံကြည်သူဖက်မှ ကွဲကွာလိုလျှင် ကွဲကွာပါစေ။ ထိုသို့သောအခြေအနေမျိုးတွင် ယုံကြည်သူယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အနှောင်အဖွဲ့ကင်း၏။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းမှုရရှိစေရန် ခေါ်ယူတော်မူ၏။
တစ်စုံတစ်ယောက်သည် မိန်းမတစ်ယောက်နှင့်စုံဖက်ပြီးနောက် ထိုမိန်းမ၌ညစ်ညူးသောအရာကိုတွေ့သဖြင့် သူ့ကိုမနှစ်မြို့လျှင် ကွာရှင်းစာရေးပြီး သူ့လက်ထဲအပ်၍ အိမ်မှထွက်သွားစေရမည်။
နောက်ယောက်ျားသည်လည်း ထိုမိန်းမကိုမုန်းသဖြင့် ကွာရှင်းစာရေးပြီး သူ့လက်ထဲ၌အပ်၍ အိမ်မှထွက်သွားစေသည်ဖြစ်စေ၊ ထိုမိန်းမနှင့်စုံဖက်သောနောက်ယောက်ျားသေဆုံးသွားသည်ဖြစ်စေ