“အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောနစသော
``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
ဣ သ ရေ လ ပ ရိ သတ်ရှေ့ ထာ ဝ ရ ဘု ရား လုပ် ကြံ တော် မူ သော အ တ ရုတ်၊ ဒိ ဘုန်၊ ယာ ဇာ၊ နိ မ ရ၊ ဟေ ရှ ဘုန်၊ ဧ လာ လေ၊ ရှေ ဘံ၊ နေ ဗော၊ ဗောင် နယ် များ တွင် စား ကျက် ကောင်း ပါ သည်။ ကျွန် တော် မျိုး တို့၌ လည်း တိ ရ စ္ဆာန် များ ပါ ၏။
အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောနတည်းဟူသော၊
ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူမျိုးတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ နယ်မြေကိုလည်း သူတို့အား ပိုင်းခြားခွဲဝေပေးတော်မူ၏။ သူတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏ပြည်တို့ကို သိမ်းပိုက်နိုင်ခဲ့၏။
နိမရိမ်မြို့၏ရေတို့သည် ခန်းခြောက်၍ မြက်ပင်သည် ညှိုးနွမ်းလေ၏။ မြက်နုတို့လည်းမရှိ။ စိမ်းလန်းသောအပင်လည်း မရှိတော့ပေ။
မောဘပြည်နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “နေဗောမြို့သည် အမင်္ဂလာရှိ၏၊ ဖျက်ဆီးခံရပြီ။ ကိရယသိမ်မြို့သည် အရှက်ကွဲပြီ၊ သိမ်းပိုက်ခံရပြီ။ ခံတပ်မြို့သည် အရှက်ကွဲပြီ၊ ပြိုကွဲပြီ။
မောဘပြည်သည် ဂုဏ်သရေမရှိတော့ပြီ။ ရန်သူတို့က ‘လာကြ။ မောဘပြည်ကို တိုင်းနိုင်ငံအဖြစ်မှ ငါတို့ဖယ်ရှားကြစို့’ဟု ဟေရှဘုန်မြို့တွင်ပင် မောဘပြည်ကို ကြံစည်ကြပြီ။ အို မာဒမေနမြို့၊ သင်သည်လည်း ဆိတ်ညံရလိမ့်မည်။ ဓားသည် သင့်ကိုလိုက်လေပြီ။
အို စိဗမာမြို့ရှိစပျစ်နွယ်ပင်၊ ယာဇာမြို့ကြောင့် ငိုကြွေးသည်ထက် သင့်ကြောင့် ငါငိုကြွေးမည်။ သင်၏အကိုင်းတို့သည် ဖြာထွက်၍ ယာဇာပင်လယ်တိုင်အောင် ရောက်ရှိကြ၏။ သို့သော် သင်၏နွေရာသီသီးနှံနှင့် စပျစ်သီးတို့သည် အဖျက်ဆီးခံရလေပြီ။
နိမရိမ်ချောင်းရေပင်လျှင် ခန်းခြောက်သွားသောကြောင့် ဟေရှဘုန်မြို့သားတို့၏အော်ဟစ်သံသည် ဧလာလေမြို့နှင့် ယာဟတ်မြို့တိုင်အောင် ရောက်လေပြီ။ ဇောရမြို့မှ ဟောရနိမ်မြို့နှင့်ဧဂလတ်ရှလိရှမြို့တိုင်အောင် သူတို့၏အသံကိုလွှင့်လေပြီ”ဟု မိန့်တော်မူ၏။
“ထွက်ပြေးသောသူတို့သည် အရုပ်ကြိုးပြတ်ရပ်နေရ၏။ အကြောင်းမှာ ဟေရှဘုန်မြို့ကိုခိုလှုံရန်လာကြသော်လည်း ဟေရှဘုန်မြို့မှထွက်သောမီး၊ ရှိဟုန်မင်းကြီးထံမှမီးလျှံသည် မောဘ၏နဖူး၊ အော်ဟစ်ဆူညံနေသူတို့၏ခေါင်းကို လောင်ကျွမ်းနှင့်လေပြီ။
မောဘပြည်တောင်စောင်းတစ်လျှောက် အရေးပါသောနယ်စပ်မြို့များဖြစ်သည့် ဗက်ယေရှိမုတ်မြို့၊ ဗာလမုန်မြို့၊ ကိရယသိမ်မြို့တို့ကို ငါကျိုးပေါက်စေမည်။
ဟေရှဘုန်မြို့ထဲမှမီး၊ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ထဲမှမီးလျှံထွက်လာပြီး မောဘပြည်ရှိအာရမြို့၊ အာနုန်ချောင်းရှိအထွတ်အမြတ်ထားရာနေရာတို့မှ အရှင်သခင်တို့ကို လောင်ကျွမ်းလေပြီ။
သို့သော် ငါတို့သည် သူတို့ကိုပစ်ခတ်သဖြင့် ဟေရှဘုန်မြို့မှ ဒိဘုန်မြို့တိုင်အောင် ပျက်စီးလေပြီ။ မေဒဘအရပ်မှ နောဖာအရပ်တိုင်အောင် လူသူကင်းမဲ့လေပြီ”ဟု စပ်ဆိုကြ၏။
မောရှေသည် လူလွှတ်၍ ယာဇာမြို့ကိုထောက်လှမ်းပြီးနောက် ထိုမြို့နှင့်ဆိုင်သောမြို့ရွာတို့ကိုသိမ်းပိုက်ပြီး ထိုအရပ်ရှိအာမောရိလူမျိုးတို့ကို နှင်ထုတ်လေ၏။
ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့၌ တိရစ္ဆာန်မြောက်မြားစွာရှိ၏။ ယာဇာပြည်နှင့်ဂိလဒ်ပြည်ကို တိရစ္ဆာန်တို့အတွက် စားကျက်ကောင်းသောအရပ်ဖြစ်သည်ကို တွေ့မြင်လျှင်
ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့သည် မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုခေါင်းဆောင်တို့ထံသို့လာ၍
ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်ရှိ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမုန်မြို့၊
ကိရယသိမ်မြို့၊ စိဗမာမြို့၊ ကုန်းမြင့်လွင်ပြင်ရှိ ဇာရက်ရှာဟာမြို့၊
ဟေရှဘုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့ပေါင်းလေးမြို့ကို ပေး၏။ (ရာမုတ်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။)
အစ္စရေးလူမျိုးတို့ ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာရော်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာနုန်ချောင်းဘေးတစ်လျှောက်ရှိမြို့ရွာရှိသမျှတို့၌ နှစ်ပေါင်းသုံးရာနေထိုင်ကြစဉ်အခါက အဘယ်ကြောင့် သင်တို့ ပြန်မသိမ်းယူခဲ့သနည်း။